သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
ထွက်မြောက် 16:24 - Common Language Bible သူတို့သည်မောရှေမှာကြားသည့်အတိုင်း စားစရာကို နက်ဖြန်နေ့အထိချန်ထား ရာပိုးမကျ၊ မပုပ်သိုးဘဲရှိလေ၏။- Garrad Bible မော ရှေ မှာ ထား သည့် အ တိုင်း နံ နက် တိုင် သို ထား ကြ ရာ၊ Judson Bible မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင်သိုထားကြ၏။ နံခြင်းနှင့်ကင်းလွတ်၏။ ပိုးလည်းမရှိ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း မောရှေမိန့်မှာသည့်အတိုင်း နံနက်တိုင်အောင်ချန်ထားကြရာ အပုပ်နံ့ထွက်ခြင်းလည်းမရှိ၊ လောက်တက်ခြင်းလည်းမရှိ။ |
သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
မောရှေက``ယနေ့သည်သင်တို့အလုပ်မှရပ် နားရာနေ့၊ ထာဝရဘုရားအတွက်ဆက်ကပ် သောဥပုသ်နေ့ဖြစ်သဖြင့် ယမန်နေ့ကချန် ထားသောစားစရာကိုစားကြလော့။ စခန်း အပြင်ဘက်၌စားစရာရှာတွေ့နိုင်မည် မဟုတ်။-
ထိုနောက်မောရှေကအာရုန်ကို``မန္နမုန့်တစ် ပြည်ကိုအိုးတစ်လုံးတွင်ထည့်၍ ငါတို့ ၏နောင်လာနောက်သားများအတွက် ထာဝရဘုရား၏ရှေ့တော်၌ထားလော့'' ဟုဆို၏။-