သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
ထွက်မြောက် 16:21 - Common Language Bible နံနက်တိုင်းသူတို့သည်မိမိတို့တစ်ဦးစီလို သမျှမုန့်ကိုစုသိမ်းကြ၏။ နေပူလာသော အခါမြေပြင်ပေါ်တွင်ကျန်ရှိသောမုန့်တို့ သည်အရည်ပျော်ကုန်၏။ Garrad Bible အ သီး အ သီး တို့ သည် နံ နက် တိုင်း အိုး စား အ လျောက် ကောက် ယူ ကြ၏။ နေ ပူ သော အ ခါ အ ရည် ပျော် လေ ၏။ Judson Bible ထိုသူအသီးအသီးတို့သည် နေ့တိုင်းမိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါအရေဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တစ်ဦးစီစားနိုင်သလောက် မုန့်ကိုနံနက်တိုင်းကောက်ယူကြ၏။ နေပူလာသောအခါ ထိုမုန့်သည် အရည်ပျော်လေ၏။ |
သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
ဆဋ္ဌမနေ့တွင်သူတို့သည်တစ်ဦးလျှင် နှစ် ပြည်ကျဖြင့်ရိက္ခာနှစ်ဆစုသိမ်းရကြသည်။ ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် အားလုံးတို့က ထိုအကြောင်းကိုမောရှေ အားပြောပြကြသောအခါ၊-
ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။