နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
ထွက်မြောက် 16:19 - Common Language Bible မောရှေကသူတို့အား``မည်သူမျှနက်ဖြန် နေ့အတွက်ချန်မထားရ'' ဟုမှာကြား၏။- Garrad Bible နံ နက် တိုင် မည် မျှ မ ကျန် စေ နှင့် ဟု မော ရှေ မြစ် တား သော် လည်း၊ Judson Bible မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှမကျန်စေနှင့်ဟု ဆိုသော်လည်း၊ မြန်မာ့စံမီသမ္မာကျမ်း မောရှေက သူတို့အား “မည်သူမျှ ထိုမုန့်ကို နံနက်တိုင်အောင်မကြွင်းကျန်စေရ”ဟု ဆိုသော်လည်း |
နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
သို့သော်လည်းအချို့သောသူတို့သည်မောရှေ ၏စကားကိုနားမထောင်ဘဲ မုန့်အချို့ကို နောက်တစ်နေ့အထိချန်ထားကြ၏။ နောက် တစ်နေ့နံနက်တွင်ထိုမုန့်၌ပိုးကျ၍ပုပ် သိုးသွား၏။ သို့ဖြစ်၍မောရှေသည်ထိုသူ တို့အားအမျက်ထွက်၏။-
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။