အီဂျစ်ဘုရင်သည်မိမိ၏စစ်ရထားနှင့် စစ်တပ်ကိုအသင့်ပြင်စေ၏။-
ဖာ ရော မင်း သည် ရ ထား တော် ကို က စေ ၍ လက် ရွေး စစ် ရ ထား ခြောက် ရာ မှ စ သော အိ ဂျစ် စစ် ရ ထား ရှိ သ မျှ နှင့် တ ကွ ဗိုလ် မင်း တို့ ပါ အ လုံး အ ရင်း ကို ခေါ် ယူ ချီ သွား လေ ၏။
ထိုအခါ ဖာရောဘုရင်သည်၊ ရထားတော်ကိုပြင်၍၊ မိမိလူအပေါင်းတို့ကို ခေါ်လေ၏။
ထို့ကြောင့် ဖာရောမင်းကြီးသည် မိမိစစ်ရထားကိုအသင့်ပြင်စေပြီးလျှင် မိမိနှင့်အတူ မိမိလူတို့ကို ခေါ်သွားလေ၏။
အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသားတို့ ထွက်ပြေးကုန်ကြပြီဖြစ်ကြောင်းကြားသိရ သောအခါ သူနှင့်သူ၏မှူးမတ်တို့သည်စိတ် သဘောထားပြောင်းလဲ၍``ငါတို့သည်ငါတို့ ၏အစေခံကျွန်ဣသရေလအမျိုးသား တို့ကို လွတ်မြောက်ထွက်ပြေးသွားစေပါသည် တကား'' ဟုဆိုကြ၏။-
သူသည်တပ်မှူးများဦးစီးသောလက်ရွေး စင်စစ်ရထားခြောက်ရာအပါအဝင် စစ် ရထားအားလုံးကိုစုရုံးချီတက်စေ၏။-
``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။ သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။