ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
ထွက်မြောက် 13:22 - Common Language Bible နေ့အချိန်၌မိုးတိမ်တိုင်၊ ညအချိန်၌မီး တိုင်သည်သူတို့ရှေ့ကအစဉ်မပြတ်သွား လေ၏။ Garrad Bible နေ့ အ ချိန်၌ တိမ် တိုင်၊ ညဉ့် အ ချိန် ၌ မီး တိုင် ကို သူ တို့ ရှေ့ မှ ရုပ် သိမ်း တော် မ မူ။ Judson Bible နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။ မြန်မာ့စံမီသမ္မာကျမ်း နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို လူတို့၏ရှေ့မှ ရုပ်သိမ်းတော်မမူပေ။ |
ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အား နေ့အချိန်၌မိုးတိမ်တိုက်အားဖြင့် လမ်းပြပို့ဆောင်တော်မူ၍၊ညဥ့်အချိန်၌ သူတို့၏ခရီးလမ်းကိုမီးတိမ်တိုက်ဖြင့် ထွန်းလင်းစေတော်မူပါ၏။
သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့သည်ပြန်လှည့်၍ ဗာလဇေဖုန် မြို့အနီးမိဂဒေါလမြို့နှင့်ပင်လယ်နီစပ် ကြားရှိပိဟဟိရုတ်မြို့ရှေ့တွင်စခန်းချ ရန်ပြောလော့။-
ဣသရေလအမျိုးသားတို့၏ရှေ့ကကြွ သွားသော ဘုရားသခင်၏ကောင်းကင်တမန် သည်အနောက်ဘက်သို့နေရာပြောင်း၍လိုက် ပါလာ၏။ သူတို့၏အရှေ့၌ရှိသောမိုးတိမ် တိုင်သည်လည်း အနောက်ဘက်သို့နေရာ ပြောင်းသဖြင့်၊-
ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။
ထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။-
ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။-
ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။-