ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အားမိန့်ကြားသမျှအတိုင်း ဣသရေလ အမျိုးသားတို့လိုက်နာဆောင်ရွက်ကြ၏။-
ထွက်မြောက် 12:49 - Common Language Bible ဣသရေလအမျိုးသားများသော်လည်း ကောင်း၊ သင်တို့နှင့်အတူနေထိုင်သောလူ မျိုးခြားတို့သည်သော်လည်းကောင်း ဤစည်း ကမ်းဥပဒေသများကိုလိုက်နာရမည်'' ဟုမိန့်တော်မူ၏။- Garrad Bible တိုင်း ရင်း သား ၌ လည်း ကောင်း၊ ဝင် နေ သူ၌ လည်း ကောင်း၊ တ ရား တစ် ပါး တည်း သာ ရှိ ရာ သည် ဟု မိန့် တော် မူ ၏။ Judson Bible အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတို့သည်၊ တစ်ပါးတည်းသောတရားနှင့်ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့်အာရုန်၌ ပညတ်ထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အမျိုးသားချင်းအတွက်ဖြစ်စေ၊ သင်တို့ထဲတွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသားအတွက်ဖြစ်စေ ပညတ်တရားတစ်ပါးတည်းဖြစ်ရမည်”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အားမိန့်ကြားသမျှအတိုင်း ဣသရေလ အမျိုးသားတို့လိုက်နာဆောင်ရွက်ကြ၏။-
သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သောကြောင့်သင်တို့နှင့်တကွ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့သည်ဤပညတ်ကိုစောင့်ထိန်းကြရမည်'' ဟုမိန့်တော်မူ၏။
ဤပညတ်သည်အမှတ်မထင်အပြစ်ပြု မိသော တိုင်းရင်းဖွားဣသရေလအမျိုး သားအတွက်ဖြစ်စေ၊ အတူတကွနေထိုင် သောလူမျိုးခြားအတွက်ဖြစ်စေ အပြစ် ဖြေရန်လိုက်နာရမည့်ပညတ်ဖြစ်သည်။
ထိုမြို့များသည်ဣသရေလအမျိုးသားများ အတွက်လည်းကောင်း၊ အမြဲဖြစ်စေ၊ ခေတ္တဖြစ် စေနေထိုင်ကြသောလူမျိုးခြားတို့အတွက် လည်းကောင်း ခိုလှုံရာမြို့များဖြစ်ရမည်။ ကြို တင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦးအား သတ်မိသူသည်ထိုမြို့များအနက်တစ်မြို့ မြို့သို့ထွက်ပြေးခိုလှုံနိုင်သည်။
``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-
သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။