ယောရှိမင်းသည်ပဋိညာဉ်ကျမ်းစောင်တော်တွင် ပါရှိသည့်အတိုင်း လူတို့အားမိမိတို့ဘုရား သခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သည့်ပသခါပွဲကျင်းပကြရန်အမိန့်ပေး တော်မူ၏။-
ထွက်မြောက် 12:21 - Common Language Bible မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။- Garrad Bible ထို အ ခါ မော ရှေ သည် ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ ကို ခေါ်၍ အိမ် ထောင် သား ချင်း များ အ လိုက် သိုး ဆိတ် များ ကို ရွေး ချယ် ယူ ခဲ့ ပြီး လျှင် ပ သ ခါ အ ကောင် အ ဖြစ် စီ ရင် ကြ လော့။ Judson Bible ထိုအခါ မောရှေသည်ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များအသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကိုယူ၍ ပသခါပွဲဖို့သတ်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေသည် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့ကိုခေါ်၍ “သင်တို့မျိုးနွယ်စုအလိုက် သင်တို့အတွက် သိုးများကို ရွေးယူပြီးလျှင် ပသခါသိုးသငယ်ကိုသတ်ကြလော့။ |
ယောရှိမင်းသည်ပဋိညာဉ်ကျမ်းစောင်တော်တွင် ပါရှိသည့်အတိုင်း လူတို့အားမိမိတို့ဘုရား သခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သည့်ပသခါပွဲကျင်းပကြရန်အမိန့်ပေး တော်မူ၏။-
ယဇ်ပုရောဟိတ်နှင့်လေဝိအနွယ်ဝင်အပေါင်းတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစေသဖြင့် ဘာသာရေးထုံးနည်းအရသန့်စင်လျက်ရှိကြ၏။ လေဝိအနွယ်ဝင်တို့သည်မိမိတို့ပြည်သို့ပြန်လာကြသူများ၊ ယဇ်ပုရောဟိတ်များနှင့် မိမိတို့ကိုယ်တိုင်တို့အတွက်ပသခါယဇ်ကောင်များကိုသတ်ကြ၏။-
သင်တို့သည်ခါးကိုစည်း၍ဖိနပ်ကိုစီး လျက်လက်ထဲတွင်တောင်ဝှေးကိုကိုင်ပြီးလျှင် ထိုအသားကိုအလျင်အမြန်စားကြရမည်။ ထိုပွဲတော်သည်ထာဝရဘုရား၏ပသခါ ပွဲတော်ဖြစ်၏။
တဆေးပါသည့်မုန့်ကိုလုံးဝမစားရ၊ သင် သည်မည်သည့်အရပ်တွင်နေထိုင်သည်မဆို တဆေးမဲ့မုန့်ကိုသာစားရမည်'' ဟုမိန့်တော် မူ၏။
ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ညွှန်ကြားလော့။ ဤလဆယ်ရက်နေ့တွင် မိသားစုတစ်စုလျှင် သိုးကလေးသို့မဟုတ် ဆိတ်ကလေးတစ်ကောင်ကျစီရွေးယူရမည်။-
ထာဝရဘုရားက မောရှေကို``သင်နှင့်ဣသ ရေလအမျိုးသားခေါင်းဆောင်အချို့တို့သည် လူအပေါင်းတို့ကိုဦးဆောင်၍ရှေ့သို့သွား လော့။ နိုင်းမြစ်ကိုရိုက်သောတောင်ဝှေးကိုယူ ၍သွားလော့။-
သို့ဖြစ်၍မောရှေသည်တောင်ပေါ်ကဆင်းလာ ခဲ့ပြီးလျှင် ခေါင်းဆောင်များကိုဆင့်ခေါ်၍ ထာဝရဘုရားမိန့်မှာတော်မူသမျှကို ပြောကြားလေ၏။-
သင်သွား၍ဣသရေလအမျိုးသားခေါင်း ဆောင်တို့ကိုစုရုံးလျက် သူတို့အားသင်တို့ ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားကိုဖူးမြင် ရ၍၊ ထိုဘုရားကသင်တို့အားငါသည်သင် တို့ထံသို့ကြွလာလျက်အီဂျစ်အမျိုးသား တို့ကသင်တို့အားပြုသောအမှုကိုမြင် ရပြီ။-
ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့အထဲမှဂုဏ်အသရေရှိသူ ခေါင်းဆောင်ခုနစ်ဆယ်ကို ပဋိညာဉ်တဲတော် သို့လာရောက်စုရုံးစေပြီးလျှင်သင်နှင့် အတူရပ်နေစေလော့။-
ဋ္ဌမ္မရေစာတစ်မျိုးတည်းကိုသောက်ကြရ၏။ သူ တို့အားလုံးပင်မိမိတို့နှင့်လိုက်ပါလာသော ဋ္ဌမ္မကျောက်မှရေကိုသောက်သုံးကြရ၏။ ထို ကျောက်ကားခရစ်တော်ပင်ဖြစ်သတည်း။-
ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။
ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။-