ခုနစ်ရက်ပတ်လုံးသင်တို့၏အိမ်များတွင် တဆေးမရှိစေရ။ ဣသရေလအမျိုးသား ဖြစ်စေ၊ အခြားအမျိုးသားဖြစ်စေ မည်သူ မဆိုတဆေးပါသောမုန့်ကိုစားမိလျှင် ထို သူသည်ငါ၏လူမျိုးတော်မှအပယ်ခံရမည်။-
ထွက်မြောက် 12:20 - Common Language Bible တဆေးပါသည့်မုန့်ကိုလုံးဝမစားရ၊ သင် သည်မည်သည့်အရပ်တွင်နေထိုင်သည်မဆို တဆေးမဲ့မုန့်ကိုသာစားရမည်'' ဟုမိန့်တော် မူ၏။ Garrad Bible တ ဆေး ခတ် သော မုန့် ကို မ စား ရ။ သင် တို့ နေ ထိုင် သ မျှ ၌ တ ဆေး မဲ့ မုန့် ကို သာ စား ရ မည် ဟု ဆင့် ဆို စေ ခြင်း ငှါ မိန့် တော် မူ ၏။ Judson Bible သင်တို့နေရာအရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာစားရမည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တဆေးပါသောအရာတစ်စုံတစ်ခုကိုမျှ မစားရ။ မည်သည့်အရပ်၌နေထိုင်သည်ဖြစ်စေ တဆေးမဲ့မုန့်ကို စားရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ |
ခုနစ်ရက်ပတ်လုံးသင်တို့၏အိမ်များတွင် တဆေးမရှိစေရ။ ဣသရေလအမျိုးသား ဖြစ်စေ၊ အခြားအမျိုးသားဖြစ်စေ မည်သူ မဆိုတဆေးပါသောမုန့်ကိုစားမိလျှင် ထို သူသည်ငါ၏လူမျိုးတော်မှအပယ်ခံရမည်။-
မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။-
``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။