သင်တို့သည်ပထမလတစ်ဆယ့်လေးရက် နေ့ညနေမှ နှစ်ဆယ့်တစ်ရက်နေ့ညနေ တိုင်အောင်တဆေးမဲ့မုန့်ကိုစားရမည်။-
ပ ထ မ လ၊ ဆယ့် လေး ရက် ညဉ့် ဦး မှ စ၍ နှစ် ဆယ့် တစ် ရက် ညဉ့် ဦး တိုင် အောင် တ ဆေး မဲ့ မုန့် ကို သာ သင် တို့ စား ရ ကြ မည်။
ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးမှစ၍ နှစ်ဆယ်တစ်ရက်နေ့ ညဉ့်ဦးတိုင်အောင်၊ သင်တို့သည် တဆေးမပါသောမုန့်ကို စားရကြမည်။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်မှစ၍ နှစ်ဆယ့်တစ်ရက်နေ့ နေဝင်ချိန်တိုင်အောင် တဆေးမဲ့မုန့်ကို သင်တို့စားရမည်။
ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
တဆေးမဲ့မုန့်ပွဲတော်ပထမနေ့၌တပည့်တော် တို့သည်သခင်ယေရှုထံတော်သို့လာ၍ ``အရှင့် အတွက်ပသခါပွဲညစာကိုအကျွန်ုပ်တို့ အဘယ်အရပ်တွင်ပြင်ဆင်ရပါမည်နည်း'' ဟု မေးလျှောက်ကြ၏။
ဣသရေလအမျိုးသားတို့သည်ယေရိခေါ မြို့အနီးလွင်ပြင်၌ရှိသောဂိလဂါလ အရပ်တွင် စခန်းချနေစဉ်ပထမလတစ် ဆယ့်လေးရက်နေ့ည၌ပသခါပွဲတော်ကို ကျင်းပကြသည်။-