အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ထွက်​မြောက် 10:8 - Common Language Bible

ထို့​ကြောင့်​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ပြန်​ခေါ်​လျက်``သင်​တို့​ဘု​ရား​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ လော့။ သို့​သော်​မည်​သူ​တို့​သွား​ကြ​မည်​နည်း'' ဟု​မေး​လေ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

မော ရှေ နှင့် အာ ရုန် တို့ ကို ရှေ့ တော် သို့ သွင်း ခဲ့ ကြ ပြန် ရာ ဖာ ရော မင်း က၊ သင် တို့ ဘုရား သ ခင် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရန် သွား ကြ လော့။ သွား အံ့ သူ တို့ ကား မည် သူ နည်း ဟု မေး သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

မော​ရှေ​နှင့်​အာ​ရုန်​ကို တစ်​ဖန်​ဖာ​ရော​ဘု​ရင်​ထံ​သို့ သွင်း​ပြန်၍၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သွား​ရ​သော​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် မောရှေ​နှင့်​အာရုန်​ကို ဖာရော​မင်းကြီး​ထံသို့ ပြန်​ခေါ်သွင်း​၍ ဖာရော​မင်းကြီး​က “​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။ မည်သူ​တို့ သွား​ကြ​မည်နည်း​”​ဟု မေး​လျှင်

အခန်းကိုကြည့်ပါ။



ထွက်​မြောက် 10:8
6 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-


ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​ကို​ခေါ်​၍``ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ​လော့။ သင်​တို့ ၏​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​ကို​လည်း သင်​တို့​နှင့်​အ​တူ​သွား​ကြ​စေ။ သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​များ​ကို​သာ​ထား​ခဲ့​ကြ​လော့'' ဟု ဆို​လေ​၏။


ထို​ည​ချင်း​တွင်​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ခေါ်​၍``သင်​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ပြည်​မှ​ထွက်​သွား​ကြ လော့။ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ လော့။-


ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍``သင်​တို့​၏​ဘု​ရား​အား​ဤ​ပြည် ထဲ​၌​ယဇ်​ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။


ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။


ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။