ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
ထွက်မြောက် 10:13 - Common Language Bible သို့ဖြစ်၍မောရှေသည်မိမိ၏တောင်ဝှေး ကိုကိုင်လျက် လက်ကိုဆန့်လိုက်ရာထာဝရ ဘုရားသည် ထိုနေ့နှင့်တစ်ညပတ်လုံးအရှေ့ ဘက်မှလေပြင်းတိုက်ခတ်စေတော်မူ၏။ နံနက်ရောက်သော်ထိုအရှေ့လေဖြင့် ကျိုင်းကောင်များရောက်ရှိလာကြ၏။- Garrad Bible တောင် ဝေး ကို အိ ဂျစ် ပြည် ပေါ် မှာ မော ရှေ ဆန့် မိုး လျှင် ထို နေ့ နှင့် ညဉ့် ပတ် လုံး အ ရှေ့ လေ ကို ၎င်း ပြည် သို့ ထာ ဝ ရ ဘု ရား တိုက် စေ တော် မူ သ ဖြင့် နံ နက် တိုင် ရောက် သော် အ ရှေ့ လေ သည် ကျိုင်း ကောင် တို့ ကို ဆောင် ခဲ့ ၍၊ Judson Bible မောရှေသည် မိမိလှံတံကိုအဲဂုတ္တုပြည်အပေါ်မှာ ဆန့်သဖြင့်၊ ထိုနေ့နှင့် ထိုညပတ်လုံး၊ အရှေ့လေကို မြေပေါ်မှာ ထာဝရဘုရားလာစေတော်မူ၍၊ နံနက်ရောက်မှ အရှေ့လေသည် ကျိုင်းတို့ကိုဆောင်ခဲ့လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မောရှေသည် မိမိတောင်ဝှေးကို အီဂျစ်ပြည်ပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် ထိုပြည်ပေါ်သို့ ထိုနေ့တစ်နေ့လုံး ထိုညတစ်ညလုံး အရှေ့လေကို တိုက်ခတ်စေတော်မူ၏။ နံနက်အချိန်ရောက်သောအခါ ထိုအရှေ့လေသည် ကျိုင်းကောင်များကို သယ်ဆောင်လာ၏။ |
ထိုနောက်အလုံးသေး၍သဲကန္တာရလေပူ ဒဏ်ကြောင့် ညှိုးခြောက်သောစပါးနှံခုနစ်နှံ တို့လည်းထွက်လာကြ၏။-
ကိုယ်တော်အမိန့်ပေးတော်မူသောအခါ သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
ထို့အပြင်ကိုယ်တော်သည် အရှေ့လေကိုတိုက်စေပြီးနောက်တန်ခိုးတော်အားဖြင့် တောင်လေကိုလှုပ်ရှားစေတော်မူ၏။
သူတို့၏ကောက်ပဲသီးနှံများကိုစားပစ်ရန်နှင့် လယ်ယာများကိုဖျက်ဆီးပစ်ရန်နှံကောင်များကို စေလွှတ်တော်မူ၏။
မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။-
သင်္ဘောသည်ပင်လယ်တွင်းသို့ရောက်သွားသောအခါ ထာဝရဘုရားသည်လေပြင်းမုန်တိုင်းကြီးကိုတိုက်ခတ်စေတော်မူ၏။ ထိုလေမုန်တိုင်းကြီးသည်လွန်စွာပြင်းထန်လှသဖြင့်သင်္ဘောသည်ပျက်လုမတတ်ရှိလေ၏။-
နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။
တပည့်တော်တို့သည်အံ့သြ၍ ``ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြပါတကား'' ဟုဆိုကြ၏။