သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
တရားဟော 8:12 - Common Language Bible ဝစွာစားရလျက်အိမ်ကြီးအိမ်ကောင်းများ ဆောက်လျက် နေထိုင်ရသည့်အခါ၌လည်း ကောင်း၊- Garrad Bible ဝ စွာ စား သောက် ပြီး မှ၊ တည် ဆောက် မည့် တိုက် အိမ် ကောင်း များ တွင် နေ ထိုင် ကြ သည့် ကာ လ၊ Judson Bible သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊ မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် သင်သည် ဝလင်စွာစားရသောအခါ၌လည်းကောင်း၊ အိမ်ကြီးအိမ်ကောင်းများကိုတည်ဆောက်၍ နေထိုင်သောအခါ၌လည်းကောင်း၊ |
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
သူတို့က`ငါတို့သည်အိမ်များကိုမကြာမီ တစ်ဖန်ဆောက်လုပ်ကြမည်။ ဤမြို့သည်အိုး ကင်းနှင့်တူ၍ ငါတို့ကားအိုးကင်းထဲမှ အမဲသားနှင့်တူကြ၏' ဟုဆိုကြ၏။-
သင်တို့သည်ဆင်းရဲသားတို့ကိုဖိနှိပ်၍ သူ တို့၏ဂျုံစပါးကိုလုယက်ကြပြီ။ ထို့ကြောင့် သင်တို့ကိုယ်တိုင်အဖို့ဆောက်လုပ်ခဲ့သော တိုက်တာကောင်းများ၌သင်တို့သည်မစံ ရကြ။ ကိုယ်တိုင်စိုက်ပျိုးခဲ့သောကြည်နူး စရာစပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းမသောက်ရကြ။-
``ငါ၏လူမျိုးတော်၊ သင်တို့သည်အိမ်ရာ ကောင်းကောင်းများတွင်နေထိုင်နေကြသော် လည်း ငါ၏ဗိမာန်တော်သည်ယိုယွင်းပျက် စီးလျက်နေပါသည်တကား။-''
ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။-
ထာဝရဘုရားသည်သင်တို့အားကောင်း ချီးမင်္ဂလာအမျိုးမျိုးကိုချပေးသော်လည်း သင်တို့သည်ကိုယ်တော်၏အမှုတော်ကို ဝမ်းမြောက်ရွှင်လန်းစွာမဆောင်ရွက်ကြ။-
ငါသည်သူတို့၏ဘိုးဘေးတို့အားကတိထား သည့်အတိုင်း သူတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင်သူ တို့သည်အစားအစာကိုဝစွာစားရ၍ အေး ချမ်းသာယာစွာနေထိုင်ကြလိမ့်မည်။ သို့ရာ တွင်သူတို့သည်ဖောက်ပြန်၍ အခြားသော ဘုရားများကိုကိုးကွယ်ကြလိမ့်မည်။ သူ တို့သည်ငါ့ကိုစွန့်ပစ်၍ငါ၏ပဋိညာဉ် ကိုချိုးဖောက်သဖြင့်၊-
``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ထားတော်မူသည်အတိုင်း သင်တို့ကိုယ်တိုင် မတည်ဆောက်သည့်စည်ပင်သာယာသော မြို့ကြီးများကို သင်တို့အားပေးတော်မူ မည်။-