``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
တရားဟော 7:23 - Common Language Bible ထာဝရဘုရားသည်ရန်သူများကိုသင်တို့ ၏လက်သို့အပ်သဖြင့် သူတို့သည်ကစဥ့် ကလျားဖြစ်၍ချေမှုန်းခြင်းကိုခံရကြ လိမ့်မည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး များ ကို သင် တို့ ရှေ့ အပ် နှင်း တော် မူ သည့် အ တိုင်း ကောင်း ကင် အောက် မှ၊ ချင်း တို့ အ မည် ပါ ချေ ဖျောက် ကြ သည့် တိုင် အောင် ပယ် ရှား တော် မ မူ မ ချင်း၊ လုပ် ကြံ ကွပ် မျက် လျက်၊ ချင်း တို့ မင်း များ ကို လည်း သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ မည် ဖြစ်၍၊ သင် တို့ ရှေ့ မည် သူ မျှ ခံ ရပ် နိုင် မည် မ ဟုတ်။ Judson Bible သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကိုသင်၌အပ်၍၊ သူတို့မပျက်စီးမီတိုင်အောင်၊ ကြီးစွာသောပျက်စီးခြင်းကို စီရင်တော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်လက်သို့ အပ်တော်မူမည်။ သူတို့ဖျက်ဆီးခြင်းမခံရမချင်း သူတို့ကို ကြီးမားသော ထိတ်လန့်ချောက်ချားဖွယ်ရာများနှင့် ကြုံတွေ့စေတော်မူမည်။ |
``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
သူတို့အားတစ်ယောက်မကျန်သေကြေပျက် စီးစေရန် ထာဝရဘုရား၏လက်ရုံးတော် သည်သူတို့တစ်ဘက်၌ရှိတော်မူ၏။''
ထာဝရဘုရားသည်သင်တို့အား ထိုသူတို့ ကိုတိုက်ခိုက်အောင်မြင်ခွင့်ပေးတော်မူမည် ဖြစ်၍ ငါမှာကြားသည့်အတိုင်းသူတို့ကို စီရင်ရမည်။-
သင်တို့သည်ထာဝရဘုရား၏စကားတော် ကိုနားမထောင်လျှင် သင်တို့ချီတက်သည့်အခါ သင်တို့ကိုခုခံတိုက်ခိုက်သောလူမျိုးတို့အား ထာဝရဘုရားသေကြေပျက်စီးစေသကဲ့ သို့ သင်တို့ကိုလည်းသေကြေပျက်စီးစေတော် မူမည်။''
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။
ထာဝရဘုရားသည်ရန်သူတို့အားဖရို ဖရဲထွက်ပြေးစေတော်မူ၏။ ထိုအခါ ဣသရေလတပ်သားတို့သည်ဂိဗောင်မြို့ တွင်ရန်သူအမြောက်အမြားကိုသတ်ဖြတ် ၍ ဗေသောရုံတောင်ကြားကိုလွန်လျက်တောင် ဘက်အဇေကာမြို့နှင့်မက္ကဒါမြို့များသို့ တိုင်အောင်လိုက်လံတိုက်ခိုက်ကြလေသည်။-
ရန်သူကိုတိုက်ခိုက်ရာထာဝရဘုရားသည် သိသရ၏သံရထားများနှင့်တပ်သားတို့ ကိုကစဥ့်ကရဲဖြစ်စေတော်မူသဖြင့် သိသရ သည်မိမိရထားမှဆင်း၍ခြေလျင်ထွက် ပြေးလေ၏။-