ကိုယ်တော်သည်သင်တို့ချီတက်နေစဉ် ထိုလူ မျိုးများကိုတဖြည်းဖြည်းနှင်ထုတ်တော်မူ လိမ့်မည်။ သင်တို့သည်သူတို့အားလုံးကို ချက်ချင်းမပယ်ရှင်းနှင့်။ ချက်ချင်းပယ်ရှင်း လျှင် သားရဲတိရစ္ဆာန်တို့သည်များပြားလာ၍ သင်တို့ကိုအန္တရာယ်ပြုလိမ့်မည်။-
တော သား ရဲ တိုး ပွား မည် ကို စိုး၍၊ ထို လူ မျိုး များ ကို ရှောင် တ ခင် ကုန် ဆုံး စေ ခွင့် မ ပေး သော် လည်း သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် တ ရွေ့ ရွေ့ ပယ် ရှင်း တော် မူ လိမ့် မည်။
သင်၏ဘုရားသခင် ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံကတရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တစ်ဖက်၌ များပြားမည်ကို စိုးရိမ်၍၊ သူတို့ကိုချက်ချင်း မပယ်မရှားသင့်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှောက်မှ နည်းနည်းချင်းနှင်ထုတ်တော်မူမည်။ တောရိုင်းတိရစ္ဆာန် များပြားလာမည်ကိုစိုးရိမ်ရသဖြင့် သူတို့ကို အလျင်အမြန်မဖျက်ဆီးနှင့်။
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''
ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။