မနာရှေသည်ခါနာန်ပြည်သို့ဣသရေလအမျိုး သားတို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏ရွံရှာဖွယ်ဋ္ဌလေ့ များကိုကျင့်သုံး၍ကိုယ်တော်အားပြစ်မှား ၏။-
တရားဟော 4:25 - Common Language Bible ``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။- Garrad Bible သင် တို့ သည် သား မြေး တို့ ကို ရ လျက်၊ နေ ပြည် တွင် ကြာ မြင့် စွာ နေ ရ သော အ ခါ၊ တစ် စုံ တစ် ရာ၏ ပုံ သဏ္ဌာန် အ တူ ရုပ် ပွား ဆင်း တု ကို လုပ် ၍ မှား ယွင်း သ ဖြင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့၊ အ မျက် တော် တိုက် အ ဆိုး ပြု ကြ လျှင်၊ Judson Bible သင်တို့သည် သားမြေးတို့ကိုဖွားမြင်၍၊ ထိုပြည်၌ကြာမြင့်စွာနေပြီးမှ၊ တစ်ဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဌာန်တစ်စုံတစ်ခုရှိသော ရုပ်တုကိုလုပ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ဒုစရိုက်ကိုပြုလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ထိုပြည်၌ သားမြေးများရသည်အထိ အနေကြာလာသောအခါ ဖောက်ပြန်ပြီး တစ်စုံတစ်ရာ၏ပုံသဏ္ဌာန်ကို ရုပ်တုဆင်းတုအဖြစ်ပြုလုပ်၍ ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား အမျက်ထွက်စေလျှင် |
မနာရှေသည်ခါနာန်ပြည်သို့ဣသရေလအမျိုး သားတို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏ရွံရှာဖွယ်ဋ္ဌလေ့ များကိုကျင့်သုံး၍ကိုယ်တော်အားပြစ်မှား ၏။-
သူတို့သည်မိစ္ဆာနတ်ဘုရားတို့ကိုဝတ်ပြု ကိုးကွယ်ရာ ဌာနများထားရှိခြင်းအားဖြင့်ကိုယ်တော်အား အမျက်ထွက်စေကြ၏။ ရုပ်တုများအားဖြင့်ကိုယ်တော်အား ဒေါသထွက်စေကြ၏။
``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။-
ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
ငါသည်အထဲသို့ဝင်၍ကြည့်၏။ တံတိုင်းနံရံများတွင်တွားသွားသောသတ္တဝါရုပ်များ၊ အခြားမသန့်စင်သည့်တိရစ္ဆာန်ရုပ်များနှင့် ဣသရေလအမျိုးသားတို့ကိုးကွယ်သည့်အခြားရုပ်တုပုံများကိုရေးဆွဲထား၏။-
သူတို့သည်ငါကိုးကွယ်သောဘုရားသခင် ၏စကားကိုနားမထောင်သောကြောင့် ကိုယ် တော်သည်သူတို့ကိုပစ်ပယ်တော်မူမည်။ သူ တို့သည်အခြားနိုင်ငံများတွင်လှည့်လည် နေထိုင်ရလိမ့်မည်။
သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
ရုပ်တုကိုးကွယ်ခြင်းကျောက်တိုင်ကိုလည်း မစိုက်မထူရ။ ထာဝရဘုရားသည်ထို အရာများကိုရွံရှာတော်မူ၏။''
`` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။
``သင်တို့တွင်ဤဘေးဒဏ်များကျရောက် လိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုမနာခံ၊ ကိုယ်တော် ၏ပညတ်တော်များကိုမစောင့်ထိန်းလျှင် သင်တို့သေကြေပျက်စီးသည့်တိုင်အောင် ဤကဲ့သို့သောဘေးဒဏ်များနှင့်တွေ့ကြုံ ရလိမ့်မည်။-
ထာဝရဘုရား၏ပညတ်များနှင့်သြဝါဒ များပါရှိသော ဤကျမ်းတွင်ဖော်ပြခြင်း မရှိသည့်အခြားရောဂါနှင့်ကပ်ရောဂါ အမျိုးမျိုးကိုလည်း သင်တို့အပေါ်သို့ကျ ရောက်စေတော်မူသဖြင့်သင်တို့သေကြေ ပျက်စီးရလိမ့်မည်။-
သင်တို့သည်ပျက်စီးဆုံးရှုံးရမည်ဟု ငါ ယခုပင်သင်တို့အားသတိပေး၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ သိမ်းယူမည့် ပြည်တွင်ကြာရှည်စွာနေထိုင်ရကြမည်မဟုတ်။-
ငါသည်ယခုသင်တို့အားအသက်ရှင်ခြင်းသို့ မဟုတ်သေခြင်း၊ ဘုရားသခင်ထံတော်မှကောင်း ချီးမင်္ဂလာသို့မဟုတ်အမင်္ဂလာကိုရွေးခွင့် ပေး၏။ သင်တို့ရွေးယူသည်ကို ကောင်းကင်နှင့် မြေကြီးသက်သေဖြစ်ပါစေ။ အသက်ရှင် ခြင်းကိုရွေးယူကြလော့။-
ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊ လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
သင်တို့သည်ပဋိညာဉ်ကိုစောင့်ထိန်းရန်သင် တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာ တော်မူသော်လည်း မစောင့်ထိန်းဘဲအခြား သောဘုရားများကိုဝတ်ပြုကိုးကွယ်ကြလျှင် ကိုယ်တော်သည်အမျက်ထွက်တော်မူသဖြင့် ပေးသနားတော်မူသောဤသာယာသော ပြည်တွင်သင်တို့တစ်ယောက်မကျန်သေကြေ ပျက်စီးသည်အထိ သင်တို့အားဒဏ်ခတ် တော်မူလိမ့်မည်'' ဟုမိန့်မှာလေ၏။
သင်တို့သည်ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုဝတ်ပြုလျှင် သင်တို့ကိုကျေးဇူးပြုတော်မူခဲ့သော ထာဝရဘုရားသည် သင်တို့ကိုရန်ဘက် ပြု၍သေကြေပျက်စီးရန်ဒဏ်ခတ်တော် မူလိမ့်မည်'' ဟုပြောကြားလေသည်။