မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
တရားဟော 33:26 - Common Language Bible ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။ Garrad Bible အို ယေ ရှု ရုန်၊ သင် တို့ အား စစ် ကူ ရန် အာ ကာ သ ကောင်း ကင် ကို ဘုန်း အာ နု ဘော် တော် နှင့် တ ကွ၊ စီး ကြွ တော် မူ သော ဘု ရား သ ခင် နှင့် ဂုဏ် ရည် တူ မည် သူ မျှ မ ရှိ ချေ။ Judson Bible သင့်ကိုပြုစုစေခြင်းငှာ ဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုးကောင်းကင်ကို စီးတော်မူသော ယေရှုရုန်အမျိုး၏ ဘုရားသခင်နှင့်တူသောသူ မရှိ။ မြန်မာ့စံမီသမ္မာကျမ်း အို ယေရှုရုန်၊ သင်၏ဘုရားနှင့်တူသောဘုရားမရှိ။ ကိုယ်တော်သည် သင့်ကိုကူညီမစရန် မိုးကောင်းကင်ကိုစီးနင်းတော်မူ၏၊ မိမိအာနုဘော်တော်ဖြင့်မိုးတိမ်ကို စီးနင်းတော်မူ၏။ |
မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊ လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။
ဘုရားသခင်အားသီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်အားထောမနာ သီချင်းဆိုကြလော့။ မိုးတိမ်ကိုစီးတော်မူသောအရှင်၏အတွက် လမ်းခရီးကိုပြင်ဆင်ကြလော့။ ထိုအရှင်၏နာမတော်ကားထာဝရဘုရား ဖြစ်သတည်း။ ကိုယ်တော်၏ရှေ့တော်တွင်ဝမ်းမြောက်ကြလော့။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။
အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍ သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။
ဖာရောဘုရင်က``နက်ဖြန်နေ့တွင်ဆုတောင်း ပေးပါလော့'' ဟုဆိုလေ၏။ ထိုအခါမောရှေက``ကိုယ်တော်ပြောသည် အတိုင်း ဆုတောင်းပေးပါမည်။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားနှင့်တူ သော အခြားဘုရားမရှိကြောင်းကိုယ်တော် သိပါလိမ့်မည်။-
ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။-
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
ဘုရားသခင်အားအဘယ်သူနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကိုသင်တို့ အဘယ်သို့ဖော်ပြနိုင်ပါမည်နည်း။
မြင့်မြတ်သန့်ရှင်းတော်မူသောဘုရားသခင်ကို အဘယ်သူနှင့်နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်နှင့်တူသောသူတစ်စုံတစ်ယောက် ရှိပါသလော။
ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။ သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။ မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။
ဤသို့သောအမှုမျိုးမြင်ဖူးကြားဖူးသူ တစ်စုံတစ်ယောက်ရှိပါသလော။ တိုင်းနိုင်ငံ တစ်ခုသည်တစ်နေ့ခြင်းတွင်ပေါ်ပေါက်လာ ဖူးပါသလော။ ဇိအုန်မြို့သည်ဣသရေလ နိုင်ငံမပေါ်ထွန်းမီကြာရှည်ဆင်းရဲဒုက္ခ ရောက်ရလိမ့်မည်မဟုတ်။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်နှင့်တူသော ဘုရား တစ်ဆူမျှမရှိပါ။ ကိုယ်တော်ရှင်သည်တန်ခိုးကြီးတော်မူပါ၏။ နာမတော်သည်လည်းကြီးမြတ်၍တန်ခိုး အာနုဘော်နှင့် ပြည့်ဝပါ၏။
``ဣသရေလပြည်သားတို့၊ သင်တို့ကိုငါ သုတ်သင်ဖျက်ဆီးပစ်မည်။ မည်သူသင်တို့ ကိုကယ်နိုင်ဦးမည်နည်း။-
ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။-
ထာဝရဘုရားသည် မိုးကောင်းကင်အထက် ဘဝဂ်ကိုပင်ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်တွင် ရှိသမျှအရာခပ်သိမ်းတို့ ကိုလည်းပိုင်တော်မူ၏။-
``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
ဣသရေလအနွယ်များနှင့်ခေါင်းဆောင်များ စုရုံးလျက်ရှိကြသောအခါ၊ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ် လာတော်မူ၏။
ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-