ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ပိုင်းမနာရှေ အနွယ်တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ယေရိခေါမြို့တစ်ဘက်ကမ်းရှိနယ်မြေကို မိမိ တို့၏သားချင်းစုအလိုက်ခွဲဝေကြပြီးဖြစ် သည်'' ဟုဆိုလေ၏။
တရားဟော 33:21 - Common Language Bible သူတို့သည်အကောင်းဆုံးနယ်မြေကိုရွေးယူ ကြ၏။ ခေါင်းဆောင်အနေဖြင့်ရထိုက်သောနယ်မြေကို သူတို့အားခွဲဝေပေးကြ၏။ ဣသရေလအမျိုးသားခေါင်းဆောင်တို့စုရုံး လာကြသောအခါ၊ သူတို့သည်ထာဝရဘုရား၏အမိန့်တော်နှင့် ပညတ်တော်များကိုလိုက်နာကြ၏။'' Garrad Bible အာ ဏာ ရှင်၏ ပိုင် စု ကို ခွဲ ခြား ပြီး ဖြစ် သည့် အ လျောက်၊ အ ထူး အ မြတ် ကို ကိုယ့် အ ဖို့ ရွေး ချယ် ပြီး လျှင်၊ လူ မျိုး တော်၏ အ အုပ် အ ချုပ် တို့ နှင့် တ ကွ ချီ ဝင်၍ ဣ သ ရေ လ လူ မျိုး၌ ထာ ဝ ရ ဘု ရား ဆုံး ဖြတ် တော် မူ ရာ တ ရား ချက် များ ကို စီ ရင် လေ ပြီ ဟူ၍ တည်း။ Judson Bible ရှေ့ဦးစွာသောအဖို့ကို မိမိအဖို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် မိမိအဖို့အကောင်းဆုံးကိုရွေးချယ်၏။ ခေါင်းဆောင်ဝေစုကိုရယူထား၏။ လူမျိုး၏အကြီးအမှူးထံသို့လာ၍ အစ္စရေးလူမျိုးတို့နှင့်အတူ ထာဝရဘုရား၏ဖြောင့်မတ်ခြင်းတရားနှင့်စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာဆောင်ရွက်၏။ |
ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ပိုင်းမနာရှေ အနွယ်တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ယေရိခေါမြို့တစ်ဘက်ကမ်းရှိနယ်မြေကို မိမိ တို့၏သားချင်းစုအလိုက်ခွဲဝေကြပြီးဖြစ် သည်'' ဟုဆိုလေ၏။
သင်တို့၏သားမယား၊ သိုး၊ နွား၊ ဆိတ်စသော တိရစ္ဆာန်များသည်ဤအရပ်တွင်နေရစ်၍၊ သူ တို့အနက်လက်နက်ကိုင်နိုင်သူအမျိုးသား မှန်သမျှသည် အခြားဣသရေလအမျိုး သားချင်းတို့၏တပ်ဦးအဖြစ်မြစ်ကို အလျင်အမြန်ဖြတ်ကူးရမည်။-
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။
ဣသရေလအမျိုးသားတို့သည်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချမှတ်ကြ၏။ ပြည်သူတို့ကလည်းစေတနာအလျောက် ဝမ်းမြောက်စွာပါဝင်ဆင်နွှဲကြ၏။ သို့ဖြစ်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။