ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
တရားဟော 32:8 - Common Language Bible အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊ လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်း သတ်မှတ်ပေးတော်မူသောအခါ၊ နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။ Garrad Bible ယာ ကုပ် လူ မျိုး တော် သည် ထာ ဝ ရ ဘု ရား၏ ပိုင် ရာ တော် နှင့် ဝေ ပုံ တော် ဖြစ် သော ကြောင့် လူ့ သား တို့ ကို ခွဲ ခြား ခြင်း၊ လူ မျိုး တို့ အား အ ပိုင် ပေး ခြင်း များ ကို မြင့် မြတ် သော ဘု ရား ပြု တော် မူ သည့် ကာ လ၊ ဣ သ ရေ လ အ မျိုး သား အ ရေ အ တွက် ကို ထောက်၍၊ လူ အ မျိုး မျိုး တို့၏ နယ် နိ မိတ် များ ချ ထား တော် မူ၏။ Judson Bible အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။ |
ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ သားတစ်ယောက် ကိုဖာလက်ဟုနာမည်မှည့်၏။ ထိုသား၏လက်ထက် တွင်ကမ္ဘာလောက၌နေထိုင်ကြသောလူတို့သည် ကွဲပြားသွားခြင်းကြောင့်ထိုနာမည်ကိုပေးခြင်း ဖြစ်၏။ အခြားသောသားကိုယုတ္တန်ဟုနာမည် မှည့်ခေါ်၏။-
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
ကိုယ်တော်က``ခါနာန်ပြည်ကိုသင့်အားငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက် ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော ထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။
ကိုယ်တော်ရှင်သည်ကမ္ဘာမြေကြီး၏နယ် နိမိတ်ကို သတ်မှတ်တော်မူ၍နွေဥတုနှင့်ဆောင်းဥတုကို ဖန်ဆင်းတော်မူပါ၏။
သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား ဖြစ်တော်မူသောကိုယ်တော်ရှင်သည် ထာဝစဉ်အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူသောကြောင့်တည်း။
``ငါသည်မိုးတိမ်များပေါ်သို့တက်၍အနန္တ တန်ခိုးရှင်နှင့်တူအောင်ပြုမည်'' ဟုဆင့်ဆို ခဲ့၏။-
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
သို့ဖြစ်၍တိုင်းပြည်ကိုထာဝရဘုရား ၏လူမျိုးတော်လက်သို့ပြန်၍အပ်သော အခါ၌ သင်တို့အနက်မည်သူမျှမြေ ဝေစုကိုရမည်မဟုတ်။
ငါသည်ကျောက်တောင်များပေါ်မှသူတို့ကို မြင်ရ၏။ ငါသည်တောင်ကုန်းများပေါ်မှသူတို့ကိုရှု မြင်နိုင်၏။ သူတို့သည်လူမျိုးအပေါင်းတို့တွင်ထူးခြား သော လူမျိုးဖြစ်၏။ အခြားလူများထက်ကောင်းချီးပို၍ခံစား ရသူများ ဖြစ်ကြောင်းကိုသူတို့သိကြ၏။
သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။ အမြင့်ဆုံးသောဘုရားထံတော်မှ အသိပညာကိုရရှိ၏။ မျက်စိပွင့်လျက်ဘဝင်ကျနေစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊ စပါးနှင့်စပျစ်ရည်ပေါကြွယ်ဝသော ပြည်တွင် အေးချမ်းလုံခြုံစွာနေထိုင်ရကြ၏။