ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
တရားဟော 31:28 - Common Language Bible ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။- Garrad Bible သင် တို့ အ နွယ် လူ ကြီး နှင့် ဗိုလ် မှူး တို့ တစ် ဘက်၌ သက် သေ များ အ ဖြစ် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို ငါ ခေါ်၍ ဤ အ ချက် များ ကို ပြန် ကြား ရ အံ့ သော ငှါ၊ ထို သူ အ ပေါင်း တို့ ကို စု ရုံး စေ ကြ လော့။ Judson Bible သင်တို့အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိသူအပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ကို သူတို့အားဟောပြော၍ သူတို့တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဤစကားများကို သူတို့ကြားအောင် ငါပြောကြားနိုင်မည့်အကြောင်း၊ ကောင်းကင်နှင့်မြေကြီးကိုတိုင်တည်ပြီး သူတို့ကိုဆန့်ကျင်သည့်သက်သေကိုထူနိုင်မည့်အကြောင်း သင်တို့မျိုးနွယ်များ၏သက်ကြီးဝါကြီးများ၊ သင်တို့၏ကြီးကြပ်အုပ်ချုပ်သူများ အားလုံးကို ငါ့ထံ၌ စုရုံးစေလော့။ |
ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
မိမိလူစုတော်အားတရားစီရင်တော်မူ သည်ကို ကြည့်ရှုကြရန် ကိုယ်တော်သည်သက်သေများအဖြစ် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဆင့်ခေါ် တော်မူ၏။
သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။-
ကိုယ်တော်က ``သင်တို့အားငါဆိုသည်ကား ဤသူတို့တိတ်ဆိတ်စွာနေကြလျှင်ကျောက် ခဲများကကြွေးကြော်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
ငါသည်ယခုသင်တို့အားအသက်ရှင်ခြင်းသို့ မဟုတ်သေခြင်း၊ ဘုရားသခင်ထံတော်မှကောင်း ချီးမင်္ဂလာသို့မဟုတ်အမင်္ဂလာကိုရွေးခွင့် ပေး၏။ သင်တို့ရွေးယူသည်ကို ကောင်းကင်နှင့် မြေကြီးသက်သေဖြစ်ပါစေ။ အသက်ရှင် ခြင်းကိုရွေးယူကြလော့။-
ယောကျာ်း၊ မိန်းမ၊ ကလေး၊ သင်တို့မြို့များ တွင်နေထိုင်သောလူမျိုးခြားမှစ၍ လူ အပေါင်းတို့ကိုစုဝေးစေသဖြင့်သူတို့ သည် ထိုပညတ်တရားတော်ကိုကြားရ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့လျက် တရားတော်ကိုတသဝေ မတိမ်းစောင့်ထိန်းကြလိမ့်မည်။-
``မိုးကောင်းကင်နှင့်ပထဝီမြေကြီးတို့ ငါ ပြောသမျှကိုစေ့စေ့နားထောင်လော့။
ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-