ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
တရားဟော 3:4 - Common Language Bible တစ်ချိန်တည်းမှာပင်ငါတို့သည် သူပိုင်ဆိုင် သောမြို့ရှိသမျှကိုသိမ်းယူကြသည်။ ငါတို့ မသိမ်းယူသောမြို့ဟူ၍တစ်မြို့မှမရှိ။ ငါ တို့သည်မြို့ပေါင်းခြောက်ဆယ်၊ တစ်နည်းအား ဖြင့်ဗာရှန်ဘုရင်ကြီးစိုးသောအာဂေါဘ ဒေသတစ်ခုလုံးကိုသိမ်းယူကြသည်။- Garrad Bible တော ရွာ အ မြောက် အ မြား ကို မ ဆို ဘဲ၊ မြို့ ရိုး၊ တံ ခါး၊ မင်း ထုပ် နှင့် ပြည့် စုံ သော ခံ မြို့ ပေါင်း ခြောက် ဆယ် ကို၊ သြ ဃ မင်း၏ နိုင် ငံ အာ ဂေါ ဘ ပြည် တစ် ဝှမ်း လုံး တွင် တစ် မြို့ မ ကျန်၊ သိမ်း ယူ ပြီး လျှင်၊ Judson Bible ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့်ပြည့်စုံသော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏နိုင်ငံကို၊ တစ်မြို့မျှမကြွင်းစေခြင်းငှာ တိုက်ယူကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံဖြစ်သော အာဂေါဘနယ်မြေတစ်ခုလုံးတွင် မြို့ပေါင်းခြောက်ဆယ်ရှိ၍ ငါတို့သည် သူ၏မြို့ရှိသမျှကို တစ်မြို့မကျန် သိမ်းပိုက်ကြ၏။ |
ဗင်ဂေဗာ မနာရှေ၏သား၊ယာဣရ၏သားချင်းစု ပိုင်သည့်မြို့များဖြစ်သောဂိလဒ်ပြည်ရှိရာမုတ်မြို့ နှင့်ရွာများ၊ဗာရှန်ပြည်၊အာဂေါဘဒေသ၊မြို့ရိုးနှင့် ကြေးဝါတံခါးကျင်များဆောက်လုပ်တပ်ဆင် ထားသည့်မြို့ကြီးပေါင်းခြောက်ဆယ်၊
ထိုကြောင့်ဣသရေလအမျိုးသားတို့သည် သြဃဘုရင်နှင့်သူ၏သားများအပါအဝင် တိုင်းသူပြည်သားတို့ကိုတစ်ယောက်မကျန် သုတ်သင်သတ်ဖြတ်ပြီးနောက်တိုင်းပြည်ကို သိမ်းပိုက်လေသည်။
ဂိလဒ်ပြည်ကျန်တစ်ဝက်နှင့်သြဃဘုရင်အုပ် စိုးသောဗာရှန်ပြည်အားလုံး၊ တစ်နည်းအား ဖြင့်အာဂေါဘဒေသတစ်ခုလုံးကို မနာရှေ အနွယ်တစ်ဝက်တို့အားငါခွဲဝေပေး၏။'' (ဗာရှန်ပြည်တစ်ပြည်လုံးကို ရီဖိမ်လူမျိုး တို့၏ပြည်ဟူ၍ခေါ်တွင်ခဲ့သည်။-
မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
``သို့ဖြစ်၍ထာဝရဘုရားသည် သြဃဘုရင် နှင့်သူ၏လူအပေါင်းတို့ကိုငါတို့၏လက်သို့ အပ်သဖြင့် ငါတို့သည်တစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်ခဲ့ကြ၏။-
ထိုမြို့အားလုံးတို့သည်မြင့်မားသောမြို့ရိုး၊ မြို့တံခါးများနှင့်မြို့တံခါးကန့်လန့်ကျင် များရှိသဖြင့် ခိုင်ခံ့သောမြို့များဖြစ်ကြ သည်။ အကာအကွယ်ကင်းမဲ့သောကျေးရွာ များလည်းအမြောက်အမြားရှိသည်။-
သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
အာရှတရုတ်မြို့နှင့်ဧဒြိမြို့များတွင် စိုးစံ၍ နောက်ဆုံးကျန်ရှိသေးသောရိဖိမ် အမျိုးသားတို့အနက် တစ်ဦးဖြစ်သူ ဗာရှန်မင်းသြဃကိုလည်းဣသရေလ အမျိုးသားတို့သည်နှိမ်နင်းခဲ့၏။-