သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
တရားဟော 29:19 - Common Language Bible ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။- Judson Bible ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြားသောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ်ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းချီးပေးမည်ဟူ၍လည်းကောင်း စိုးရိမ်စရာရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤကျိန်ဆိုသောစကားများကိုကြားသောအခါ ‘ငါသည် ငါ့စိတ်သဘောအတိုင်း လိုက်လျှောက်သော်လည်း ငါသည် ဘေးကင်းလျက်ရှိ၏’ဟု ဆိုလျက် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်ကောင်းချီးပေးတတ်သောသူသည် ရေဝသောမြေ ခြောက်သွေ့သွားသကဲ့သို့ ဖျက်ဆီးခြင်းခံရမည်။ |
သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
မိမိကိုယ်ကိုအထင်ကြီးလှသဖြင့် သူသည်မိမိ၏အပြစ်ကိုထာဝရဘုရား တွေ့ရှိတော်မူလိမ့်မည်မဟုတ်၊ မိမိအားအပြစ်ဒဏ်လည်းခတ်တော်မူလိမ့်မည် မဟုတ်ဟုထင်မှတ်တတ်၏။
လူသည်မိမိဘဝနှင့်ကျေနပ်၍ မိမိ၏အောင်မြင်မှုအတွက်အချီးအမွမ်း ခံရစေကာမူ
အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။
အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
ထိုအခါသူတို့က``အကျွန်ုပ်တို့မပြောင်း လဲနိုင်ပါ။ အဘယ်ကြောင့်ပြောင်းလဲရပါ မည်နည်း။ ကျွန်ုပ်တို့သည်စိတ်ရှိလက်ရှိခေါင်း မာဆိုးညစ်လျက်နေကြပါမည်'' ဟုဆို ကြလိမ့်မည်။
ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
သင်တို့သည်ကောင်းစားမည့်အစားဆုံးရှုံး ပျက်စီးကြစေရန်ငါပြုမည်။ အီဂျစ်ပြည် တွင်နေထိုင်လျက်ရှိသောယုဒပြည်သူတို့ သည်တစ်ဦးတစ်ယောက်မျှမကျန်သည်တိုင် အောင်စစ်ဘေးသော်လည်းကောင်း၊ အနာရောဂါ ဘေးသော်လည်းကောင်းသင့်၍သေရကြလိမ့် မည်။-
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။-
``သင်တို့သည် ငါမညှိုးငယ်စေလိုသော သူတော်ကောင်းတို့အားမုသားကိုသုံး၍ စိတ်ပျက်အားလျော့စေ၏။ သင်တို့သည် ဆိုးညစ်သူတို့အားအကျင့်ဆိုးများကို မစွန့်လွှတ်ကြစေရန် အားပေးအားမြှောက် ပြု၍သူတို့၏အသက်များကိုဆုံးရှုံး စေလေသည်။-
``ငါ၏ထံမှလွဲဖယ်၍ရုပ်တုများကိုကိုး ကွယ်ကာ မိမိတို့ရှေ့တွင်ကောက်ကျစ်၍လဲ စရာကိုချထားလျက်ပရောဖက်ထံလာ ရောက်စုံစမ်းမေးမြန်းသော ဣသရေလ အမျိုးသားသို့မဟုတ်ဣသရေလနိုင်ငံ ၌ နေထိုင်သူလူမျိုးခြားအားငါထာဝရ ဘုရားအဖြေပေးမည်။-
ငါသည်သူတို့ကိုအတိုက်အခံပြုမည်။ သူ့ ကိုစံနမူနာနှင့်ကဲ့ရဲ့ပုံဆောင်ခံရသူအ ဖြစ်အသုံးပြုမည်။ ငါ၏လူမျိုးတော်အသိုင်း အဝိုင်းမှဖယ်ရှားမည်။ သို့မှသာလျှင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။
တိုင်းရင်းဖွားဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေတမင်သက်သက်အပြစ် ပြုမိလျှင်မူကား ထိုသူသည်ထာဝရဘုရား အားမထီမဲ့မြင်ပြုခြင်းဖြစ်သောကြောင့် သူ့ကိုသေဒဏ်စီရင်ရမည်။-
သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-
သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
ဘုရားသခင်အားသိကျွမ်းမှုပညာကို ပိတ်ပင်ဆီးတားသည့်မာန်မာနမှန်သမျှ ကိုလည်းကောင်း ဖြိုဖျက်ချေမှုန်းကြ၏။ ငါ တို့သည်လူတို့၏အကြံအစည်ရှိသမျှတို့ ကိုဖမ်းချုပ်ပြီးလျှင် ခရစ်တော်အားနာခံ စေကြ၏။-
သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။-
အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊-
``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
သင်တို့အပေါင်းသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် ယနေ့သစ္စာဆို ၍ပဋိညာဉ်ပြုရကြမည်။-
ဤနေရာ၌ယနေ့ရပ်နေကြသောသူတို့ တွင်မည်သည့်ယောကျာ်းသို့မဟုတ်မိန်းမ သော်လည်းကောင်း၊ မိသားစုသို့မဟုတ် အနွယ်သော်လည်းကောင်းငါတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ လူမျိုး ခြားတို့၏ဘုရားများကိုမကိုးကွယ် မိစေရန်သတိပြုကြလော့။ ထိုသို့ပြု မိလျှင် ခါး၍အဆိပ်ရှိသောအပင်ကို ဖြစ်ပွားစေသည့်အမြစ်သဖွယ်ဖြစ် လိမ့်မည်။-
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-