ထိုဘေးဒဏ်အပေါင်းကျရောက်လာလျှင် ယင်း တို့သည်ထာဝရဘုရား၏တရားစီရင်တော် မူချက်ဖြစ်ကြောင်း သင်နှင့်သင်၏အဆက် အနွယ်များအစဉ်အမြဲမှတ်သားထား ရမည်။-
သင် တို့ မှ စ၍ မျိုး စဉ် နွယ် ဆက် အ ပေါ် တွင် သက် သေ နိ မိတ် လ က္ခ ဏာ အ ဖြစ် တည် လိမ့် သ တည်း။
သင့်အပေါ်၌လည်းကောင်း၊ သင့်အမျိုးအနွယ်အပေါ်၌လည်းကောင်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှု ဖြစ်ကြလိမ့်မည်။
သင်၌လည်းကောင်း၊ သင်၏သားစဉ်မြေးဆက်၌လည်းကောင်း အမှတ်လက္ခဏာအဖြစ်၊ အံ့ဩဖွယ်အဖြစ် အစဉ်အမြဲတည်ရှိလိမ့်မည်။
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ငါသည်ဤမြို့အပေါ်သို့အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသက်ရောက်စေမည်ဖြစ်၍ အနီး မှဖြတ်သန်းသွားလာသူတို့သည် ထိုမြို့၏ဖြစ် အင်ကိုမြင်၍ကဲ့ရဲ့ကြလိမ့်မည်။ စိတ်ထိခိုက် လျက်အံ့သြတွေဝေသွားကြလိမ့်မည်။-
ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။
ငါသည်သူတို့ကိုအတိုက်အခံပြုမည်။ သူ့ ကိုစံနမူနာနှင့်ကဲ့ရဲ့ပုံဆောင်ခံရသူအ ဖြစ်အသုံးပြုမည်။ ငါ၏လူမျိုးတော်အသိုင်း အဝိုင်းမှဖယ်ရှားမည်။ သို့မှသာလျှင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။
သို့ရာတွင်သူတို့ရောက်လေရာရာအရပ် တို့တွင်လူတို့က`ဤသူတို့သည်ထာဝရဘုရား ၏လူမျိုးတော်ဖြစ်သော်လည်း ကိုယ်တော်၏ ပြည်မှထွက်ခွာလာရကြ၏' ဟုဆိုကြ သဖြင့်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်သည်အသရေပျက်ရ၏။-
``ငါသည်သင့်အားအမျက်ဒေါသပြင်း စွာထွက်၍ နာကျင်စွာအပြစ်ဒဏ်ခတ်သော အခါ ပတ်ဝန်းကျင်မှလူမျိုးတကာတို့ သည်ထိတ်လန့်ကြလျက် သင့်အားစက်ဆုပ် သည့်အမူအရာဖြင့်ကြည့်၍သတိပေး လျက်ပြက်ရယ်ပြုကြလိမ့်မည်။-
ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။-
ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။
သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏အဆက် အနွယ်တို့၌ ကုသ၍မရနိုင်သောရောဂါ ဆိုးများနှင့်ကြောက်မက်ဖွယ်ကောင်းသော ကပ်ရောဂါများကျရောက်စေတော်မူမည်။-
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
ထာဝရဘုရားသည်အမျက်ပြင်းစွာထွက် တော်မူသဖြင့် သူတို့ကိုနေရင်းပြည်မှထုတ် ပယ်၍ တိုင်းတစ်ပါးသို့နှင်ပစ်တော်မူလိုက် ရာ ယနေ့တိုင်သူတို့သည်ထိုပြည်၌နေ ထိုင်လျက်ရှိကြ၏' ဟူ၍ဖြစ်သည်။