ဣသရေလပြည်တွင်ရုပ်ရည်ချောမောမှု ကြောင့်အဗရှလုံကဲ့သို့ ထင်ပေါ်ကျော်ကြား သူတစ်ဦးတစ်ယောက်မျှမရှိ။ သူသည်ဦး ခေါင်းမှခြေဖျားတိုင်ခြောက်ပြစ်ကင်းသူ ဖြစ်၏။-
တရားဟော 28:35 - Common Language Bible သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် သင် တို့ ဒူး နှင့် ခြေ သ လုံး များ ပြင်၊ ခြေ ဖ ဝါး မှ ဦး ထိပ် တိုင် အောင်၊ ကု သ၍ မ ရ သော အ နာ ဆိုး ဘေး ကို သင့် စေ တော် မူ လ တ္တံ့။ Judson Bible ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဖဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သောအနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။ |
ဣသရေလပြည်တွင်ရုပ်ရည်ချောမောမှု ကြောင့်အဗရှလုံကဲ့သို့ ထင်ပေါ်ကျော်ကြား သူတစ်ဦးတစ်ယောက်မျှမရှိ။ သူသည်ဦး ခေါင်းမှခြေဖျားတိုင်ခြောက်ပြစ်ကင်းသူ ဖြစ်၏။-
ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။
သို့ရာတွင်ငါသည်သူတို့အား ဦးပြည်း ခေါင်းတုံးရိတ်၍အပြစ်ပေးတော်မူမည်'' ဟုမိန့်တော်မူ၏။
သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-
ပထမကောင်းကင်တမန်သည်သွား၍ မိမိ ဖလားမှအမျက်တော်ကိုကမ္ဘာမြေပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏အမှတ် တံဆိပ်ခတ်နှိပ်ခြင်းခံရသူများနှင့် သူ၏ ရုပ်ကိုရှိခိုးသောသူတို့တွင်အလွန်ဆိုးရွား သောအနာစိမ်းများပေါက်လေ၏။