သမီးအကြီးကသူ၏ညီမအား``ငါတို့၏အဖလည်းအိုပြီ။ ငါတို့မှအမျိုးဆက်ကျန်ရစ်ခဲ့စေရန် ကမ္ဘာမှာငါတို့အားထိမ်းမြားမည့်သူတစ်စုံတစ်ယောက်မျှမရှိ။-
တရားဟော 25:5 - Common Language Bible ``ညီအစ်ကိုနှစ်ဦးတို့သည်အတူတူနေထိုင် ၍ တစ်ဦးသည်သားမကျန်ရစ်ဘဲသေဆုံးခဲ့ လျှင် သူ၏ဇနီးမုဆိုးမသည်သူစိမ်းယောကျာ်း တစ်ဦးဦးနှင့်မစုံဖက်စေရ။ သေဆုံးသူ၏ ညီက ထိုမိန်းမကိုမယားအဖြစ်သိမ်းပိုက် ရမည်။- Garrad Bible အ ကယ်၍ အ တူ နေ ညီ အစ် ကို တို့ အ နက်၊ တစ် ဦး သည် သား မ ရှိ ဘဲ သေ လျှင်၊ မု ဆိုး မ သည် အိမ် ထောင် သား ချင်း ပြင်၊ မ ဆိုင် သူ နှင့် အိမ် ထောင် မ ပြု ရ။ မတ် သည်၊ မတ် ဝတ် အ တိုင်း အိမ် ထောင် ပြု လျက် ဝင် ထွက် ရ သ ဖြင့်၊ Judson Bible အတူနေသော ညီအစ်ကိုတို့တွင်၊ တစ်စုံတစ်ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ၏မယားသည် အခြားတစ်ပါးသောလူစိမ်းနှင့် စုံဖက်ခြင်းကို မပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကိုပြုရမည်။ မြန်မာ့စံမီသမ္မာကျမ်း အတူနေထိုင်သောညီအစ်ကိုတို့ထဲမှ တစ်ယောက်သည် သားမရှိဘဲ သေဆုံးခဲ့လျှင် သေဆုံးသူ၏မယားသည် အပြင်သူစိမ်းယောက်ျားနှင့် မစုံဖက်ရ။ သူ့ယောက်ျား၏ညီသည် သူ့ထံသို့ဝင်၍ သူနှင့်စုံဖက်ရမည်။ သူ့အပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုယူရမည်။ |
သမီးအကြီးကသူ၏ညီမအား``ငါတို့၏အဖလည်းအိုပြီ။ ငါတို့မှအမျိုးဆက်ကျန်ရစ်ခဲ့စေရန် ကမ္ဘာမှာငါတို့အားထိမ်းမြားမည့်သူတစ်စုံတစ်ယောက်မျှမရှိ။-
သူတို့က ``ဆရာတော်၊ လူတစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင်သူ၏ မုဆိုးမကိုညီဖြစ်သူကဆက်ခံထိမ်းမြားရ မည်။ ရသောသားသမီးများအားဖြင့်အစ်ကို ၏အမျိုးကိုမပြတ်စေရဟုမောရှေမိန့်မှာ ခဲ့ပါ၏။-
``ဆရာတော်၊ `လူတစ်စုံတစ်ယောက်သည်သားသမီး မရဘဲသေဆုံးသွားလျှင် ကျန်ခဲ့သည့်ဇနီးကိုညီ ဖြစ်သူကဆက်ခံထိမ်းမြားရမည်။ အစ်ကို၏အမျိုး အနွယ်ကိုသူ၏ကိုယ်စားတိုးပွားစေရမည်' ဟု အကျွန်ုပ်တို့အားမောရှေမိန့်မှာခဲ့ပါသည်။-
သူတို့က ``ဆရာတော် `တစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင် ကျန်ခဲ့ သည့်ဇနီးကိုညီဖြစ်သူကဆက်ခံထိမ်းမြား ရမည်။ အစ်ကို၏အမျိုးအနွယ်ကိုသူ၏ ကိုယ်စားတိုးပွားစေရမည်' ဟုအကျွန်ုပ်တို့ အားမောရှေမိန့်မှာခဲ့ပါသည်။-
နောမိကလည်း``ငါ့သမီးတို့၊ ပြန်သွားကြ လော့။ အဘယ်ကြောင့်ငါနှင့်လိုက်လိုကြပါ သနည်း။ သင်တို့နှင့်လက်ထပ်ထိမ်းမြားရန် အတွက် ငါသည်နောက်ထပ်သားများကို မွေးဖွားပေးနိုင်ပါသလော။-
သင်သည်ယနေ့ညဥ့်ကုန်ဆုံးသည်တိုင်အောင် ဤနေရာတွင်နေပါလော့။ သင်၏အတွက်ထို သူတာဝန်ယူလိုသည်မယူလိုသည်ကိုမိုး သောက်သောအခါ ငါတို့မေးမြန်းစုံစမ်းကြ မည်။ အကယ်၍သူတာဝန်ယူလိုပါလျှင်ယူ ပါလေစေ။ သူမယူလိုလျှင်မူကား ငါတာဝန် ယူမည်ဖြစ်ကြောင်းအသက်ရှင်တော်မူသော ဘုရားကိုတိုင်တည်၍ငါကျိန်ဆိုပါ၏။ ယခု သင်သည် ဤနေရာတွင်လဲလျောင်းလျက်မိုး သောက်ချိန်တိုင်အောင်နေပါလော့'' ဟုဆို၏။
သင်နှင့်အတူတူအလုပ်လုပ်သည့်အမျိုး သမီးများ၏သခင်ဖြစ်သူ ဗောဇသည် ငါ တို့နှင့်ဆွေမျိုးတော်စပ်သည်မဟုတ်လော။ ယခုငါပြောသည့်စကားကိုနားထောင်ပါ လော့။ သူသည်ယနေ့ညနေတွင် မုယော စပါးများကိုနယ်လျက်နေလိမ့်မည်။-
``သင်သည်အဘယ်သူနည်း'' ဟုမေး၏။ ရုသကလည်း``အရှင်၊ ကျွန်မသည်ရုသဖြစ် ပါသည်။ အရှင်သည်ကျွန်မနှင့်ဆွေမျိုးတော် စပ်သူဖြစ်၍ ကျွန်မအားကြည့်ရှုစောင့်ရှောက် ရန်တာဝန်ရှိသူဖြစ်ပါ၏။ ထို့ကြောင့်ကျွန်မ အားထိမ်းမြားလက်ထပ်တော်မူပါ'' ဟုပြန် ပြောလေ၏။
ဗောဇက``ထိုလယ်မြေကိုနောမိထံမှသင် ဝယ်ယူပါလျှင် ထိုလယ်မြေသည်သေလွန် သူ၏အိမ်ထောင်စုလက်ဝယ်ဆက်လက်တည် ရှိနေစေရန်မောဘအမျိုးသမီး၊ မုဆိုးမ ဖြစ်သူရုသကိုလည်းဝယ်ယူရပါမည်'' ဟုဆို၏။