ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။
တရားဟော 24:8 - Common Language Bible ``သင်တို့တွင်ကြောက်မက်ဖွယ်ကောင်းသောအရေ ပြားရောဂါဖြစ်ပွားသောအခါ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များအားငါညွှန်ကြား ထားသည့်အတိုင်းဆောင်ရွက်ရန်ဂရုပြုရ မည်။ သူတို့အားငါမိန့်မှာထားသည့်အတိုင်း လိုက်နာကြလော့။- Garrad Bible နူ နာ အ မှတ် လ က္ခ ဏာ ရောက် သော်၊ အိ ဂျစ် ပြည် မှ ထွက် လာ ကြ ရာ ခ ရီး အ ကြား တွင်၊ မိ ရိ အံ အား သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ချက် ကို သ တိ ရ လျက်၊ ငါ မိန့် မှာ ခဲ့ သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ သွန် သင် သ မျှ အ လျောက် ဂ ရု ပြု၍ စောင့် ရှောက် လိုက် နာ ပြု ကျင့် ကြ လော့။ Judson Bible နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ်ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အနာကြီးရောဂါလက္ခဏာနှင့်ပတ်သက်၍ သတိပြုလော့။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့က သင်တို့အားညွှန်ကြားသောအရာရှိသမျှကို အထူးလိုက်နာစောင့်ထိန်းရမည်။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့အား ငါမိန့်မှာထားသည့်အတိုင်း သင်တို့ လိုက်နာစောင့်ထိန်းရမည်။ |
ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။
ထို့နောက်ဖားဥကွက်တစ်ဖန်ပြန်ပေါ်လာ လျှင် ဖားဥပြန့်ပွားလာခြင်းကြောင့် ပိုင်ရှင် သည်ပစ္စည်းကိုမီးရှို့ဖျက်ဆီးရမည်။-
ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ်ကို ပြုနေသောသူ၏လက်ယာနားပျဉ်း၊ လက် ယာလက်မနှင့်လက်ယာခြေမတို့တွင်သိုး ၏သွေးဖြင့်သုတ်ရမည်။-
ဤပညတ်များသည်သန့်စင်သည်မသန့်စင် သည်ကို အဆုံးအဖြတ်ပေးသောပညတ်များ ဖြစ်သည်။
သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
ထိုသူတို့ကိုမြင်သောအခါကိုယ်တော် က ``သင်တို့သွား၍မိမိတို့ကိုယ်ကိုယဇ် ပုရောဟိတ်များအားပြလော့'' ဟုမိန့်တော်မူ၏။ သူတို့သည်ယဇ်ပုရောဟိတ်များထံသွားနေစဉ် ရောဂါသန့်စင်သွားကြကုန်၏။-
``ဤအကြောင်းကိုမည်သူ့အားမျှမပြောနှင့်'' ဟု ထိုသူအားတားမြစ်တော်မူပြီးသော်ကိုယ်တော် က ``သင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍ကိုယ် ကိုပြလော့။ သင့်ရောဂါပျောက်ကင်းကြောင်းလူတို့ ရှေ့၌သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာသည့်ပူဇော်သကာကိုဆက်သ လော့'' ဟုမိန့်တော်မူ၏။