စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
တရားဟော 22:7 - Common Language Bible ငှက်ကလေးများကိုမူဖမ်းယူနိုင်သည်။ သို့ ရာတွင်ငှက်မကိုလွှတ်ရမည်။ ထိုသို့ပြုလျှင် သင်သည်အသက်ရှည်၍ကြွယ်ဝချမ်းသာ လိမ့်မည်။ Garrad Bible သား ငယ် ကို နှိုက် ယူ သော် လည်း၊ ကောင်း စား လျက် တာ ရှည် ခွင့် ရ အံ့ သော ငှါ၊ အ မိ ကို လွှတ် လော့။ Judson Bible သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ်လိုက်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငှက်သားပေါက်များကို ယူနိုင်သော်လည်း ငှက်မကိုမူ မလွဲမသွေလွှတ်ပေးရမည်။ ထိုသို့ပြုလျှင် သင်သည် ကောင်းစား၍ အသက်ရှည်လိမ့်မည်။ |
စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
နွားမနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ သိုး မနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ ဆိတ်မနှင့် ၎င်း၏သားပေါက်ကိုဖြစ်စေတစ်နေ့တည်း မပူဇော်ရ။-
``သင်သည်အိမ်သစ်တစ်ဆောင်ကိုဆောက်သည့် အခါ အမိုးစွန်းပတ်လည်တွင်အကာအရံ ရှိစေရမည်။ ထိုသို့ကာရံထားလျှင်တစ်စုံ တစ်ယောက်သောသူသည် အမိုးပေါ်မှလိမ့် ကျသေဆုံးခဲ့သော်သင်၏တာဝန်မဟုတ်။
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။