``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
တရားဟော 22:2 - Common Language Bible ထိုပိုင်ရှင်နေထိုင်ရာအရပ်သည်ခရီးဝေး လျှင်သော်လည်းကောင်း၊ ပိုင်ရှင်မှာမည်သူဖြစ် ကြောင်းမသိလျှင်သော်လည်းကောင်း ထိုနွား သို့မဟုတ်သိုးကိုသင်၏အိမ်သို့ယူဆောင် ခဲ့လော့။ ပိုင်ရှင်ပေါ်လျှင်ပြန်အပ်လော့။- Garrad Bible ပိုင် ရှင် ကို မ သိ သော်လည်း ကောင်း၊ အ နေ ဝေး သော်လည်း ကောင်း၊ ကိုယ့် အိမ် သို့ မောင်း နှင်၍ ပိုင် ရှင် လိုက် ရှာ လျက် အပ် နှံ ခွင့် မ ရ မ ချင်း ထိန်း သိမ်း လော့။ Judson Bible ညီအစ်ကို ဝေးသော်လည်းကောင်း၊ သူ့ကို မသိသော်လည်းကောင်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကိုသည် မရှာ၊ သူ၌ မအပ်မီတိုင်အောင် ကိုယ်အိမ်၌ ထားရမည်။ မြန်မာ့စံမီသမ္မာကျမ်း သင့်ညီအစ်ကိုသည် သင်နှင့်အနေဝေးလျှင်ဖြစ်စေ၊ သူ့ကို သင်မသိလျှင်ဖြစ်စေ သင်သည် ထိုတိရစ္ဆာန်ကို သင့်အိမ်သို့ဆောင်သွားပြီး သင့်ညီအစ်ကိုလာရှာသည်အထိ သင့်ထံ၌ ထား၍ သူ့ကို ပြန်ပေးရမည်။ |
``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
``ဣသရေလအမျိုးသားချင်းတစ်ဦး၏ နွားသို့မဟုတ်သိုးတစ်ကောင်သည် မျက်စိ လည်လမ်းမှားနေသည်ကိုတွေ့ရလျှင် မမြင် ယောင်ဆောင်၍မနေဘဲပိုင်ရှင်ထံသို့ပြန် ပို့ရမည်။-
ဣသရေလအမျိုးသားချင်း၏မြည်းဖြစ် စေ၊ အဝတ်အထည်ဖြစ်စေ၊ အခြားအရာ တစ်စုံတစ်ခုဖြစ်စေပျောက်ဆုံး၍ သင်တွေ့ လျှင်ထိုနည်းအတိုင်းဆောင်ရွက်ရမည်။''
ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-