ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
တရားဟော 18:2 - Common Language Bible အခြားသောအမျိုးသားချင်းတို့ကဲ့သို့ကိုယ် ပိုင်နယ်မြေမရှိရ။ သူတို့၏ရပိုင်ခွင့်သည် ကားကတိတော်ရှိသည့်အတိုင်း ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ရသည့် အခွင့်ထူးပေတည်း။'' Garrad Bible ဆွေ မျိုး သား ချင်း တို့ ဘောင် တွင် အ မွေ မ ရ ကြ။ က တိ တော် အ တိုင်း သူ တို့ အ မွေ ကား၊ ထာ ဝ ရ ဘု ရား ပင် တည်း။ Judson Bible ထိုကြောင့်၊ သူတို့သည် ညီအစ်ကိုများနှင့်အတူ အမွေမခံရကြ။ ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့၏ အမွေဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မိမိတို့၏အမျိုးသားချင်းတို့နှင့်အတူ အမွေမရကြ။ ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ထာဝရဘုရားသည် သူတို့၏အမွေဖြစ်၏။ |
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုသာလှင် တောင့်တပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို လိုက်နာရန်ကတိပြုပါ၏။
အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
သင်တို့မူကား၊ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များ၊ ဘုရားသခင်၏ဘုန်းတော်ကြီးများဟု နာမည်တွင်လျက်၊ လူမျိုးတကာတို့၏စည်းစိမ်ချမ်းသာများကို ခံစားကာ၊ ယင်းသို့ခံစားရသည့်အတွက်ဂုဏ်ယူ ဝါကြွားကြလိမ့်မည်။
``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားအား ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သောပူဇော် သကာမှဝေစုကိုရရှိကြလေ သည်။
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-