ယခုယောရှိ၏နန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ ယေရုရှလင်မြို့တွင်ပသခါပွဲကိုကျင်းပ ခြင်းဖြစ်သတည်း။
တရားဟော 16:7 - Common Language Bible သင်တို့သည်ဝတ်ပြုရာတစ်ခုတည်းသော ဌာနတွင်ထိုအသားကိုပြုတ်၍စားပြီး လျှင် နောက်တစ်နေ့နံနက်၌နေအိမ်သို့ ပြန်ရကြမည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န၌ ချက် စား ပြီး လျှင်၊ မိုး သောက် သော်၊ အိမ် သို့ ပြန် သွား ခွင့် ရှိ ကြ၏။ Judson Bible သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ပြန်သွားရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုယဇ်ကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ချက်ပြုတ်စားရမည်။ နံနက်အချိန်ရောက်မှ သင်သည် မိမိ၏တဲသို့ပြန်သွားရမည်။ |
ယခုယောရှိ၏နန်းစံတစ်ဆယ့်ရှစ်နှစ်မြောက် ၌ ယေရုရှလင်မြို့တွင်ပသခါပွဲကိုကျင်းပ ခြင်းဖြစ်သတည်း။
လေဝိအနွယ်ဝင်တို့သည်သတ်မှတ်ထားသည့်စည်း မျဉ်းများအရပသခါယဇ်ကိုမီးတင်၍မြေ အိုး၊ သံကရား၊ သံဒယ်များနှင့်ပြုတ်ကြပြီး လျှင်ပြည်သူတို့အားအလျင်အမြန်ဝေပေး ကြ၏။-
ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။-
ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
သင်တို့သည်ကိုးကွယ်ရာတစ်ခုတည်းသော ဌာနသို့သွား၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန် ထိုဌာနတွင်နွားသို့မဟုတ်သိုးကိုသတ် ၍ပသခါပွဲကိုကျင်းပလော့။-