နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
တရားဟော 16:4 - Common Language Bible သင်တို့နေထိုင်ရာပြည်တွင် ခုနစ်ရက်ပတ် လုံးမည်သူ၏အိမ်၌မျှတဆေးမရှိစေရ။ ပထမနေ့ညနေတွင်သတ်သောတိရစ္ဆာန်၏ အသားကိုလည်း ညတွင်းချင်းကုန်အောင် စားရမည်။'' Garrad Bible ခု နစ် ရက် တိုင် တိုင်၊ နေ ပြည် တစ် ဝှမ်း လုံး တွင် တ ဆေး မ ရှိ စေ ရ။ ပွဲ ဦး ည နေ၌ ပူ ဖော် ရ သော အ သား မည် သည် ကို မျှ နံ နက် တိုင် မ ကြွင်း စေ ရ။ Judson Bible ခုနစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါသောမုန့် မရှိရ။ ပထမနေ့ညဉ့်ဦးယံ၌ ပူဇော်သောယဇ်၏အသားကို တစ်ညလုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။ မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်ပတ်လုံး သင်၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကို မတွေ့မြင်ရစေနှင့်။ ပထမနေ့၊ နေဝင်ချိန်၌ပူဇော်သောယဇ်ကောင်၏အသားကို ညတာလွန်၍ နံနက်တိုင်အောင် မကြွင်းကျန်စေရ။ |
နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
ဣသရေလအမျိုးသားတို့သည်ထိုသားကောင် များကိုထိန်းကျောင်းထားပြီးလျှင် ပထမလ တစ်ဆယ်လေးရက်နေ့ညဦးပိုင်း၌ယင်းသား ကောင်တို့ကိုသတ်ရမည်။-
ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။ ထိုရက်အတွင်းသင်တို့နေထိုင်ရာ ပြည်တစ်လျှောက်လုံးတွင်တဆေးပါသော မုန့်ဖြစ်စေ၊ တဆေးဖြစ်စေမရှိစေရ။-
``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။
``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-