``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
တရားဟော 15:3 - Common Language Bible လူမျိုးခြားများထံမှအကြွေးကိုတောင်းယူ နိုင်သော်လည်း ကိုယ်အမျိုးသားချင်းထံမှ အကြွေးကိုမူကားမတောင်းရ။'' Garrad Bible တစ် ပါး အ မျိုး သား တို့ ထံ မှ တောင်း ယူ ခွင့် ရှိ သော် လည်း ဆွေ မျိုး သား ချင်း တို့ အား ချေး လေ သ မျှ လွတ် ငြိမ်း စေ ရ မည်။ Judson Bible တစ်ကျွန်းတစ်နိုင်ငံသား၌ တောင်းရသောအခွင့်ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲလွှတ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း တစ်ပါးအမျိုးသားထံမှ တောင်းခွင့်ရှိ၏။ ညီအစ်ကို၏အကြွေးကိုမူကား သင်လျှော်ပစ်ရမည်။ |
``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
သို့ဖြစ်၍ငါတို့သည်အခါအခွင့်ရတိုင်း လူခပ်သိမ်း တို့၏အကျိုးကိုသယ်ပိုးဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့်ယုံကြည်သူများဖြစ်ကြသော အိမ်ထောင်စုသားတို့၏အကျိုးကိုသယ်ပိုး ဆောင်ရွက်ကြကုန်အံ့။
အကြွေးများကိုသင်ပုန်းချေပယ်ဖျက်နည်း ကားဤသို့တည်း။ ဣသရေလအမျိုးသားချင်း တစ်ဦးအားငွေချေးထားသူသည် ထိုအကြွေး ကိုသင်ပုန်းချေပယ်ဖျက်ရမည်။ ထာဝရဘုရား ကိုယ်တော်တိုင်သင်ပုန်းချေပယ်ဖျက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် အကြွေးကို ပြန်၍မတောင်းရ။-
လူမျိုးခြားများထံမှအတိုးယူနိုင်သော် လည်း ဣသရေလအမျိုးသားချင်းထံမှ အတိုးမယူရ။ ဤပညတ်ကိုလိုက်နာလျှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့ သိမ်းယူမည့်ပြည်တွင်သင်တို့ပြုလေသမျှ ကိုကောင်းချီးပေးတော်မူလိမ့်မည်။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-