သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
အိ ဂျစ် ပြည် တွင် ကျွန် ခံ ရ သော သင် တို့ ကို ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး နုတ် တော် မူ ခဲ့ ကြောင်း အောက် မေ့ ကြ လော့။ သို့ နှင့် အ ညီ ယ နေ့ ဤ မိန့် မှာ ချက် ကို ငါ ပေး ၏။
သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့်လည်း ဤပညတ်တော်ကို ယနေ့ သင့်အား ငါမှာကြားခြင်းဖြစ်၏။
အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
ထာဝရဘုရားက၊ ``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန် ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။ သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။ သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။
ထာဝရဘုရားက``အဘယ်သူမျှငါ့အား ဣသရေလပြည်သားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာသူ၊ အသက်ရှင်တော်မူသော ဘုရားသခင်အဖြစ်ဖြင့်တိုင်တည်ကျိန်ဆို မှုမပြုကြတော့မည့်အချိန်ကျရောက်လာ လိမ့်မည်။-
ငါတို့သည်ခရစ်တော်အသေခံတော်မူခြင်း ကြောင့်၊ မိမိတို့အပြစ်၏အနှောင်အဖွဲ့မှလွတ် မြောက်ကြရ၏။ တစ်နည်းအားဖြင့်အပြစ်ဖြေ လွှတ်ခွင့်ကိုရရှိကြ၏။ ငါတို့အားဘုရား သခင်ဤကဲ့သို့ရက်ရောစွာချပေးတော်မူ သည့်ကျေးဇူးတော်သည်အလွန်ကြီးမြတ် လှပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောဉာဏ်ပညာအသိပညာနှင့်ကြွယ်ဝ ပြည့်စုံတော်မူသည်နှင့်အညီ၊-
ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-
သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။
ထာဝရဘုရားကောင်းချီးပေးသဖြင့် သင်တို့ ၌သိုး၊ စပါး၊ စပျစ်ရည်ကြွယ်ဝချမ်းသာသည့် အတိုင်း ယင်းပစ္စည်းမှသူ့အားရက်ရောစွာပေး ကမ်းလော့။-
``သို့ရာတွင်ကျွန်သည် သင်နှင့်သင်၏မိသားစု ကိုခင်မင်၍ပျော်ပိုက်နေသဖြင့် အိမ်မှထွက် မသွားလိုပါဟုဆိုလျှင်၊-
သင်တို့သည်ဤပညတ်များကိုစောင့်ထိန်းရန် သတိပြုကြလော့။ သင်တို့သည်အီဂျစ် ပြည်တွင်ကျွန်ခံခဲ့ဖူးကြောင်းမမေ့နှင့်။''
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။-