တရားဟော 11:19 - Common Language Bible သင်တို့၏သားသမီးများအားသင်ကြားပေး လော့။ သင်တို့သည်အိမ်၌ရှိသည်ဖြစ်စေ၊ ခရီး သွားသည်ဖြစ်စေ၊ နားနေသည်ဖြစ်စေ၊ အလုပ် လုပ်နေသည်ဖြစ်စေ ဤပညတ်များအကြောင်း ကိုပြောဆိုနေရမည်။- Garrad Bible အိမ် မှာ ထိုင် နေ စဉ်၊ လမ်း လျှောက် စဉ်၊ အိပ် ရာ ဝင် စဉ်၊ နိုး ထ စဉ်၊ ဆွေး နွေး လျက် သား သ မီး တို့ အား သွန် သင် ခြင်း၊ Judson Bible ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏သားသမီးတို့အား သင်ကြားပေးရမည်။ သင်သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။ |
ငယ်ရွယ်သူမိတ်ဆွေတို့၊ငါ့ထံသို့လာ၍ ငါ့စကားကိုနားထောင်ကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်ရန် သင်တို့အားငါသင်ကြားပေးမည်။
ယင်းတို့ကိုငါတို့သည်သားမြေးများထံမှ ထိမ်ဝှက်၍ထားမည်မဟုတ်။ ထာဝရဘုရား၏တန်ခိုးတော်နှင့်ကြီးမြတ်သော အမှုတော်ကိုလည်းကောင်း၊ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတို့ကိုလည်းကောင်း နောက်လူမျိုးဆက်အားဖော်ပြမည်။
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
ယခုကိုယ်တော်ရှင်အားကျွန်တော်မျိုး ထောမနာပြုသကဲ့သို့၊ အသက်ရှင်သူများသာလျှင်ကိုယ်တော်ရှင်အား ထောမနာပြုကြပါ၏။ ဖခင်တို့သည်သားသမီးများအားကိုယ်တော် ရှင်၏ သစ္စာတော်အကြောင်းကိုပြောကြားကြပါ၏။
မိဘတို့၊ သားသမီးများကိုစိတ်ဆိုးစေရန်မပြု ကြနှင့်။ သို့ရာတွင်သူတို့အားသခင်ဘုရား၏ အလိုတော်နှင့်အညီသွန်သင်ဆုံးမကြလော့။
``သင်တို့အားငါယနေ့ပေးသမျှသောပညတ် တို့ကိုစောင့်ထိန်းကြလော့။ သင်တို့၏သားသမီး တို့သည်လည်း ဘုရားသခင်၏ပညတ်ရှိသမျှ ကို တစ်သဝေမတိမ်းလိုက်လျှောက်စေရန်သွန် သင်လော့။-
ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-