ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
တရားဟော 10:15 - Common Language Bible သို့သော်လည်းထာဝရဘုရားသည်သင်တို့ ၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုးသဖြင့် လူ မျိုးများစွာရှိသည့်အနက်သင်တို့ကိုရွေး ချယ်တော်မူခဲ့ရာ သင်တို့သည်ယနေ့တိုင် အောင်ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် သင် တို့ ဘိုး ဘေး များ ကို စွဲ လမ်း မြတ် နိုး သည့် အ လျောက်၊ အ ဆက် အ နွယ် ဖြစ် သော သင် တို့ ကို၊ လူ မျိုး တ ကာ ထက်၊ ယ ခု ဖြစ် သည့် အ တိုင်း ရွေး ချယ် တော် မူ လေ ပြီ။ Judson Bible သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသော သင့်ကို၊ အခြားသောလူမျိုးတကာတို့တွင် ရွေးကောက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း နောင်လာမည့် သူတို့၏သားစဉ်မြေးဆက်ဖြစ်သောသင်တို့ကို လူမျိုးရှိသမျှတို့ထဲမှ ရွေးချယ်တော်မူ၏။ |
ကိုယ်တော်သည်ယာကုပ်အားမိမိအဖို့လည်း ကောင်း၊ ဣသရေလအမျိုးသားတို့အားမိမိ၏ ပိုင်ရာတော် ဖြစ်စေရန်လည်းကောင်းရွေးချယ်တော်မူ၏။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
ထာဝရဘုရားသည်ငါတို့ကိုစိတ်တော်နှင့် တွေ့လျှင်အစာရေစာပေါကြွယ်ဝ၍ မြေသြ ဇာထက်သန်သောထိုပြည်သို့ပို့ဆောင်လျက် အပိုင်စားပေးတော်မူမည်။-
သတင်းကောင်းကိုပစ်ပယ်ကြသည့်အတွက် ယုဒအမျိုးသားတို့သည် ဘုရားသခင်၏ ရန်သူဖြစ်လာကြ၏။ ယင်းသို့ဖြစ်လာခြင်း သည်လူမျိုးခြားဖြစ်သူသင်တို့၏အကျိုး အတွက်ဖြစ်ပေသည်။ သို့ရာတွင်ဘုရားသခင် သည်သူတို့ကိုရွေးချယ်တော်မူသောကြောင့် သူတို့၏ဘိုးဘေးများကိုထောက်ထားလျက် သူတို့အားချစ်တော်မူသေး၏။-
ထာဝရဘုရားသည်သင်တို့၏ဘိုးဘေး တို့ကိုချစ်တော်မူသောကြောင့် သူတို့၏အဆက် အနွယ်များကိုရွေးကောက်တော်မူ၍ မဟာ တန်ခိုးတော်ဖြင့်ကိုယ်တော်တိုင် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့လေ သည်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-