သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
တောလည် 8:10 - Common Language Bible ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့၏ဦးခေါင်းများ ပေါ်တွင်လက်ကိုတင်ရမည်။- Garrad Bible ထာ ဝ ရ ဘု ရား ရှေ့ လေ ဝိ အ နွယ် သား တို့ ကို တင် သွင်း သော် ဣ သ ရေ လ အ မျိုး သား တို့ သည် သူ တို့ အ ပေါ် တွင် လက် တင် ကြ ပြီး လျှင်၊ Judson Bible လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသားတို့သည် လက်ကိုတင်သဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတို့ကို ထာဝရဘုရားရှေ့တော်သို့ ခေါ်ဆောင်လာပြီးလျှင် အစ္စရေးအမျိုးသားတို့သည် လေဝိအမျိုးတို့အပေါ် လက်ကို တင်ရမည်။ |
သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
ထိုနောက်အမျိုးသားခေါင်းဆောင်တို့သည် နွား၏ဦးခေါင်းပေါ်တွင်လက်များကိုတင် ၍နွားကိုသတ်ရမည်။-
``ယခုဣသရေလအမျိုးသားတို့၏သား ဦးအပေါင်းတို့အစားလေဝိအမျိုးသား တို့ကိုငါ့အားဆက်ကပ်လော့။ လေဝိအမျိုး သားတို့၏သိုးနွားတိရစ္ဆာန်သားဦးပေါက် တို့ကိုလည်းဣသရေလအမျိုးသားတို့ ၏သိုးနွားတိရစ္ဆာန်သားဦးပေါက်တို့အစား ငါ့အားဆက်ကပ်လော့။-
တပည့်တော်တို့သည်ထိုသူတို့အားတမန်တော် တို့၏ရှေ့မှောက်သို့ဝင်ရောက်စေကြ၏။ ထိုနောက် တမန်တော်တို့သည်ဆုတောင်းပြီးလျှင် ထိုသူ တို့၏ဦးခေါင်းပေါ်မှာမိမိတို့၏လက်ကို တင်ကြ၏။
ပရောဖက်များမိန့်ကြား၍သင်းအုပ်များက သင့်အားသိက္ခာတင်မင်္ဂလာပေးချိန်တွင် သင်ခံ ယူရရှိသည့်ဝိညာဉ်ဆုကျေးဇူးကိုလျစ်လူ မရှုနှင့်။-
မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။