မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
တောလည် 7:10 - Common Language Bible ဣသရေလခေါင်းဆောင်တို့ယဇ်ပလ္လင်ကို အနုမောဒနာပြုရာ၌လည်းပူဇော်သကာ များကိုယူဆောင်ခဲ့ကြသည်။ သူတို့သည် ယဇ်ပလ္လင်၌လှူဖွယ်ပစ္စည်းများကို ဆက်သ ရန်အသင့်ရှိသောအခါ၊- Garrad Bible ပူ ဇော် ရာ ပ လ္လင် တော် ကို ဘိ သိက် ဆီ သွန်း သော နေ့၌ အ ကြီး အ ကဲ တို့ သည် အ နု မော ဒ နာ ပ ဏ္ဏာ များ ကို ပ လ္လင် တော် ရှေ့ ဆောင် သွင်း လှူ ဒါန်း ကြ ရာ၊ Judson Bible ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သကာကို ပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။ |
မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့် သိုးကောင်ရေတစ်သိန်းနှစ်သောင်းကိုမိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်း တို့သည် ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်ရာဗိမာန်တော်ကိုအနုမောဒနာ ပြုကြလေသည်။-
အဋ္ဌမနေ့၌ဋ္ဌမ္မအစည်းအဝေးကိုကျင်းပ ကြ၏။ ယဇ်ပလ္လင်ကိုအနုမောဒနာပြုသည် မှာခုနစ်ရက်၊ ပွဲတော်ကျင်းပသည်မှာလည်း ခုနစ်ရက်ဖြစ်၏။-
ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော်မျိုး၏ဝေဒနာကြောင့် ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်း ကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။
မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
ထာဝရဘုရားကမောရှေအား``ယဇ်ပလ္လင် ကိုအနုမောဒနာပြုရာ၌ခေါင်းဆောင်တစ် ဆယ့်နှစ်ဦးတို့သည် တစ်ဦးလျှင်တစ်ရက်ကျ အလှည့်ယူ၍မိမိတို့၏လှူဖွယ်ပစ္စည်းများ ကိုဆက်သစေရမည်'' ဟုမိန့်တော်မူ၏။
ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊ -အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊ -နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊ -မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊ -အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။ -မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။
``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-