ထိုနောက်ယဇ်ပုရောဟိတ်သည်ပြုတ်ပြီး သောသိုးပခုံးသားနှင့်တကွ မုန့်တောင်းထဲ မှမုန့်တစ်လုံး၊ မုန့်ပြားတစ်ပြားကို နာဇရိ ဂိုဏ်းဝင်၏လက်ထဲသို့ထည့်ရမည်။-
ပ ရော ဟိတ် လည်း ပြုတ် ပြီး သိုး ထီး လက်၊ တောင်း ရှိ တ ဆေး မဲ့ မုန့် ပေါက် တစ် လုံး၊ မုန့် ချပ် တစ် ချပ် များ ကို ယူ၍ သီး ခြား ခြင်း ဆိုင် ရာ ဦး ဆံ ရိတ် ပြီး သူ၊ ပ ရ ဗိုဇ် ဂိုဏ်း သား လက် ပေါ် တွင် တင် ထား ပြီး နောက်၊
ခြားနားသောဦးဆံကိုရိတ်ပြီးမှ၊ ယဇ်ပုရောဟိတ်သည် ပြုတ်သော ဆိတ်ပခုံးတစ်ဖက်၊ တောင်းထဲက တဆေးမဲ့မုန့်ပြားတစ်ပြား၊ တဆေးမဲ့မုန့်ကြွပ်တစ်ချပ်ကိုယူ၍ နာဇရိလူလက်၌ထည့်ပြီးလျှင်၊
နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော သူ၏ခေါင်းကိုရိတ်ပြီးနောက် ယဇ်ပုရောဟိတ်သည် ပြုတ်ထားသောသိုးထီးပခုံးနှင့် တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ တဆေးမဲ့မုန့်ကြွပ်တစ်ခုကို ယူ၍ သူ၏လက်ထဲသို့ ထည့်ရမည်။
တစ်ဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့အတွက် အောက်ပါပြဋ္ဌာန်း ချက်များကိုမောရှေမှတစ်ဆင့်ချမှတ်ပေး တော်မူ၏။ ထာဝရဘုရားအားမိတ်သဟာယ ယဇ်ကိုပူဇော်သောသူသည် ယဇ်ကောင်၏ အစိတ်အပိုင်းအချို့ကိုထာဝရဘုရား အတွက်အထူးလှူဖွယ်အဖြစ်၊-
မီးရှို့ရာယဇ်ပူဇော်သကာအနေနှင့် မိမိ လက်နှင့်ကိုယ်တိုင်ယူဆောင်ခဲ့ရမည်။ သူသည် ယဇ်ကောင်၏အဆီနှင့်တကွရင်ပုံသားကို ထာဝရဘုရားအတွက် အထူးပူဇော် သကာအဖြစ်ယူဆောင်ခဲ့ရမည်။-
သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။-
ထို့နောက်မောရှေကအာရုန်နှင့်သူ၏သား တို့အား``ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း သိုး၏အသားကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝအနီးတွင် ပြုတ်၍ ထိုအသားကိုသိက္ခာတင်ရာမုန့် တောင်းထဲမှမုန့်နှင့်စားကြလော့။-
ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ၊ နာဇရိဂိုဏ်း ဝင်အဖြစ်ဖြင့်အထူးအဋ္ဌိဋ္ဌာန်ပြု၍ မိမိ ကိုယ်ကိုထာဝရဘုရားအားဆက်ကပ်လျှင်၊-
ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။