ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
တောလည် 34:5 - Common Language Bible ထိုနောက်ကွေ့၍အီဂျစ်ပြည်နယ်စပ်ရှိချိုင့် ဝှမ်းသို့လည်းကောင်းသွားပြီးလျှင် မြေထဲ ပင်လယ်ကမ်းခြေ၌အဆုံးသတ်ရမည်။ Garrad Bible အိ ဂျစ် ချောင်း သို့ ကွေ့၍ ပင် လယ်၌ ဆုံး ရ မည်။ Judson Bible အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကိုလိုက်လျက် ပင်လယ်၌ဆုံးရမည်။ မြန်မာ့စံမီသမ္မာကျမ်း နယ်နိမိတ်သည် အာဇမုန်အရပ်မှ အီဂျစ်ချောင်းသို့ကွေ့သွား၍ ပင်လယ်၌ ဆုံးရမည်။ |
ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။-
ထိုကာလ၌ထာဝရဘုရားကိုယ်တော်တိုင် ဥဖရတ်မြစ်မှအီဂျစ်ပြည်နယ်စပ်အထိ မိမိလူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ယူတော်မူ၍ဂျုံစပါးအကောင်းနှင့် အညံ့ ကိုစပါးနယ်လျက်ခွဲခြားသကဲ့သို့ခွဲ ခြားတော်မူမည်။
``တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှ အနောက်တောင်ဘက်ရှိကာဒေရှမေရိဘ စိမ့်စမ်းသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ရှိအီဂျစ်ပြည်နယ်စပ်ကိုလိုက် ၍မြေထဲပင်လယ်သို့လည်းကောင်းရောက် ရှိ၏။
သူသည်ဗိမာန်တော်တည်ရာတောင်တော်နှင့် ပင်လယ်စပ်ကြားတွင် မိမိအတွက်တဲတော် ကြီးများကိုပင်တည်ဆောက်လိမ့်မည်။ သို့ ရာတွင်မိမိအားမစကူညီမည့်သူမရှိ ဘဲထိုအရပ်တွင်သေဆုံးလိမ့်မည်။''
ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-