တောလည် 34:17 - Common Language Bible ``ယဇ်ပုရောဟိတ်ဧလာဇာနှင့်နုန်၏သား ယောရှုတို့သည်မြေကိုခွဲဝေပေးရမည်။- Judson Bible အမျိုးသားတစ်မျိုးလျှင် မင်းတစ်ပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုတို့နှင့် ဝိုင်းလျက်၊ မြန်မာ့စံမီသမ္မာကျမ်း “သင်တို့အတွက် အမွေမြေကို ခွဲဝေပေးမည့်သူတို့၏အမည်မှာ ယဇ်ပုရောဟိတ်ဧလာဇာနှင့် နုန်၏သားယောရှု ဖြစ်၏။ |
ဤသူတို့သည်ကားခါနာန်ပြည်ကိုစုံစမ်း ထောက်လှမ်းရန် မောရှေစေလွှတ်သောသူလျှို များဖြစ်ကြသည်။ မောရှေသည်နုန်၏သား သြရှေကိုယောရှုဟူသောနာမည်သို့ပြောင်း ၍မှည့်ခေါ်လေသည်။
မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ အနွယ် ခေါင်းဆောင် ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ
ထို့ပြင်အနွယ်တစ်မျိုးမှခေါင်းဆောင်တစ်ဦး စီတို့ကိုရွေး၍ သူတို့အားကူညီစေရမည်'' ဟုမိန့်တော်မူ၏။-
သင်၏လက်ထောက်ဖြစ်သူနုန်၏သားယောရှု မူကားထိုပြည်သို့ဝင်ရမည်။ ယောရှုကိုအားပေး လော့။ သူသည်ဣသရေလအမျိုးသားတို့ကို ခေါင်းဆောင်၍ထိုပြည်ကိုသိမ်းယူလိမ့်မည်' ဟုမိန့်တော်မူ၏။''
ယော်ဒန်မြစ်အနောက်ဘက်ရှိခါနာန်ပြည် ကို ဣသရေလအမျိုးသားတို့အားခွဲဝေ ပေးပုံကိုဖော်ပြပေအံ့။ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်များ၏မိသားစုခေါင်းဆောင်တို့က ဣသရေလအမျိုးသားတို့အားထိုပြည် ကိုခွဲဝေပေးကြ၏။-
ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည့်အတိုင်း ယော်ဒန်မြစ်အနောက် ဘက်ရှိနယ်မြေကိုဣသရေလအနွယ်ကိုး နွယ်နှင့်အနွယ်တစ်ဝက်တို့အားမဲချ ၍ခွဲဝေပေးလေသည်။-
ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။