အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 33:56 - Common Language Bible

သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ လည်း ထို သူ တို့ အ ပေါ် တွင် စီ ရင် မည့် အ ကြံ အ တိုင်း သင် တို့၌ စီ ရင် မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​မှ​တစ်​ပါး သူ​တို့​အား​ငါ​ကြံ​စည်​သည်​အ​တိုင်း သင်​တို့​ကို​ငါ​ပြု​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည်​လည်း ထို​သူ​တို့​ကို​စီရင်​မည်​ဟု ကြံရွယ်​ထား​သည့်​အတိုင်း သင်​တို့​ကို ငါ​စီရင်​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။



တော​လည် 33:56
10 ပူးပေါင်းရင်းမြစ်များ  

သို့​ပြု​လျှင်​သင်​တို့​အ​လျင်​နေ​ထိုင်​ခဲ့​သော သူ​များ​ကဲ့​သို့ သင်​တို့​သည်​ထို​ပြည်​မှ​နှင် ထုတ်​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။-


ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​ကျင့်​သုံး​နှင့်။ ထို​ပြည်​သို့​သင်​တို့​ဝင်​ရောက်​နိုင်​ရန် ငါ​သည်​ထို​ပြည်​သား​များ​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​၏​ဆိုး​ယုတ်​သော​အ​လေ့​အ​ကျင့်​များ​ကို​စက်​ဆုပ်​ရွံ​ရှာ​၏။-


သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ကျန်​ရှိ​နေ​သော​သူ​တို့​သည်​ဆူး​ငြောင့် သ​ဖွယ်​ဖြစ်​၍​သင်​တို့​ကို​ရန်​မူ​ကြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြီး​ပွား တိုး​တက်​စေ​ရာ​၌​လည်း​ကောင်း၊ လူ​ဦး​ရေ တိုး​ပွား​များ​ပြား​စေ​ရာ​၌​လည်း​ကောင်း၊ နှစ်​သက်​အား​ရ​တော်​မူ​သည့်​နည်း​တူ​သင် တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရာ​၌​လည်း ကောင်း၊ အ​ကျိုး​နည်း​ဆုံး​ရှုံး​စေ​ရာ​၌ လည်း​ကောင်း နှစ်​သက်​အား​ရ​တော်​မူ​လိမ့် မည်။ သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​မှ သင်​တို့​အား​ထုတ်​ပယ်​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် သူ​တို့​ကို​နေ​ရင်း​ပြည်​မှ​ထုတ် ပယ်​၍ တိုင်း​တစ်​ပါး​သို့​နှင်​ပစ်​တော်​မူ​လိုက် ရာ ယ​နေ့​တိုင်​သူ​တို့​သည်​ထို​ပြည်​၌​နေ ထိုင်​လျက်​ရှိ​ကြ​၏' ဟူ​၍​ဖြစ်​သည်။