စစ်သည်တို့အတွက်ဝေစုထဲမှသုံ့ပန်းငါးရာ လျှင် တစ်ယောက်ကျဖြင့်လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်းထိုအချိုးကျဖြင့် လည်းကောင်း ထာဝရဘုရားအတွက်အခွန် အဖြစ်သီးသန့်ထားရမည်။-
စစ် ထွက် ခဲ့ သော သူ ရဲ တို့၏ ထက် ဝက် စု အ နက်၊ လူ၊ နွား၊ မြည်း၊ သိုး၊ ဆိတ် တို့ တွင် ငါး ရာ လျှင် တစ် ဖို့ ကျ ထာ ဝ ရ ဘု ရား အ ဖို့ ပိုင် စု တော် ကို ကောက် ယူ လျက်၊
စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရဘုရားအား ပေးရသောအခွန်ကိုခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်ငါးရာတွင် တစ်ကောင်ကို ကောက်ယူပြီးလျှင်၊
စစ်ထွက်တိုက်သောစစ်သည်တို့ထံမှ လူ၊ နွား၊ မြည်း၊ သိုး စသည်တို့ကို အယောက်ငါးရာလျှင် တစ်ယောက်ကျ၊ အကောင်ငါးရာလျှင် တစ်ကောင်ကျ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာအဖြစ် ဖယ်ထားရမည်။
သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။
ဒါဝိဒ်မင်းသည်ထိုပစ္စည်းတို့ကိုမိမိစစ်ပွဲနိုင် သည့်ဧဒုံပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိ ပြည်နှင့်အာမလက်ပြည်ရှိလူမျိုးတကာတို့ ထံမှရရှိခဲ့သောရွှေ၊ ငွေများနှင့်အတူဝတ်ပြု ကိုးကွယ်ရာ၌အသုံးပြုရန်ဆက်ကပ်ပူဇော် တော်မူ၏။
ထိုနေ့၌သူတို့သည်မိမိတို့ဆောင်ခဲ့သော လက်ရပစ္စည်းများအနက် နွားခုနစ်ရာနှင့် သိုးခုနစ်ထောင်ကိုထာဝရဘုရားအားယဇ် ပူဇော်ကြ၏။-
နိုင်းမြစ်ဖျားတွင်တည်ရှိသည့်ထိုနိုင်ငံမှ လည်းကောင်း၊ ခွန်အားတန်ခိုးကြီးမားသည့် ထိုလူမျိုးထံမှလည်းကောင်း၊ ရုပ်ရည်ချောမော ၍မြင့်မားသည့်ထိုပြည်သားတို့ထံမှလည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ကြ သူထံမှလည်းကောင်း၊ ပူဇော်သကာများကို အနန္တတန်ခိုးရှင်ထာဝရဘုရားလက်ခံ တော်မူမည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုသူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုရန် ဇိအုန်တောင်တော်သို့လာရောက်ကြလိမ့်မည်။
ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။
ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
ထာဝရဘုရားက``ဣသရေလအမျိုးသား တို့က ငါ့အားဆက်သသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို လေဝိအနွယ်ဝင်တို့အား ငါစံတော်မူရာတဲတော်ထိန်းသိမ်းခအဖြစ် ငါပေးပြီ။-
ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။-
ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
မောရှေသည်ထိုဝေစုထဲမှသုံ့ပန်းနှင့်တိရစ္ဆာန် တို့ကို ငါးဆယ်ချိုးတစ်ချိုးကျနုတ်ယူ၍ ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်း တဲတော်ကို တာဝန်ယူစောင့်ထိန်းရသောလေဝိအမျိုးသား တို့အားပေးအပ်လေသည်။
သူတို့က ``ဧကရာဇ်၏ရုပ်ပုံ၊ ဧကရာဇ်ဘုရင်ကမ္ပည်း လိပ်စာဖြစ်ပါသည်'' ဟုပြန်လျှောက်ကြ၏။ ထိုအခါကိုယ်တော်က ``ဧကရာဇ်ဘုရင်ပိုင်သည့် အရာကိုဧကရာဇ်ဘုရင်အားဆက်ကြလော့။ ဘုရားသခင်ပိုင်သည့်အရာကိုဘုရားသခင် အားဆက်ကြလော့'' ဟုမိန့်တော်မူ၏။
ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။
ထိုနောက်သူတို့သည်မြို့နှင့်တကွမြို့တွင်း ၌ရှိသမျှသောအရာအားလုံးကိုမီးရှို့ ဖျက်ဆီးကြ၏။ သို့ရာတွင်သူတို့သည် ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်သောဝတ္ထုပစ္စည်း များကိုသိမ်းယူ၍ ထာဝရဘုရား၏ဘဏ္ဍာ တော်တိုက်ထဲသို့သွင်းကြသည်။-
တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။