ဣရှမေလ၏သားတို့သည်အနွယ်တစ်ဆယ့် နှစ်မျိုးတို့၏ဖခင်များဖြစ်ကြ၍ သူတို့နေ ထိုင်ရာကျေးရွာနှင့်စခန်းချရာအရပ်များ ကိုသူတို့၏နာမည်များဖြင့်ခေါ်တွင်ကြလေ သည်။-
တောလည် 31:10 - Common Language Bible သူတို့၏မြို့နှင့်စခန်းရှိသမျှတို့ကို လည်းမီးရှို့ဖျက်ဆီးပစ်ကြ၏။- Garrad Bible နေ ထိုင် ရာ မြို့၊ တပ် ချ ရာ အ ရပ် ရှိ သ မျှ ကို လည်း မီး တိုက် ပြီး မှ၊ Judson Bible မိဒျန်အမျိုးသားတို့နေသော မြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့နေထိုင်ရာမြို့အားလုံး၊ သူတို့၏တပ်စခန်းအားလုံးကို မီးရှို့ပစ်ကြ၏။ |
ဣရှမေလ၏သားတို့သည်အနွယ်တစ်ဆယ့် နှစ်မျိုးတို့၏ဖခင်များဖြစ်ကြ၍ သူတို့နေ ထိုင်ရာကျေးရွာနှင့်စခန်းချရာအရပ်များ ကိုသူတို့၏နာမည်များဖြင့်ခေါ်တွင်ကြလေ သည်။-
(အီဂျစ်ဘုရင်သည်ဂေဇာမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မြို့သူမြို့သားတို့ကိုသတ်၍မြို့ကို မီးရှို့ပစ်လေသည်။ ထို့နောက်သမီးတော်အား ရှောလမုန်နှင့်ထိမ်းမြားမင်္ဂလာပြုချိန်၌ထို မြို့ကိုလက်ဖွဲ့တော်မူ၏။-
သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
သူတို့သည်သိမ်းယူရရှိသမျှသောဥစ္စာ ပစ္စည်း၊ သုံ့ပန်းနှင့်တိရစ္ဆာန်တို့ကို၊-
ဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသမီးနှင့် ကလေးများကိုသုံ့ပန်း အဖြစ်ဖမ်းဆီး၍သူတို့၏သိုး၊ နွား တိရစ္ဆာန်တို့နှင့်တကွပစ္စည်းဥစ္စာရှိသမျှ ကိုသိမ်းယူလေ၏။-
ထိုနောက်သူတို့သည်မြို့နှင့်တကွမြို့တွင်း ၌ရှိသမျှသောအရာအားလုံးကိုမီးရှို့ ဖျက်ဆီးကြ၏။ သို့ရာတွင်သူတို့သည် ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်သောဝတ္ထုပစ္စည်း များကိုသိမ်းယူ၍ ထာဝရဘုရား၏ဘဏ္ဍာ တော်တိုက်ထဲသို့သွင်းကြသည်။-
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။
နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-