သူ၏ခင်ပွန်းသည်သူပြုခဲ့သောကတိ သစ္စာကို တည်စေနိုင်ခွင့်နှင့်ပယ်ဖျက်ပိုင်ခွင့် ရှိ၏။-
လင် သည် သ စ္စာ ဝတ် ထား သ မျှ၊ ခြိုး ခြံ ရန် ကျိန် ဆို သ မျှ ကို တည် စေ ခွင့်၊ ပယ် ဖျက် ခွင့် ရှိ၏။
ခပ်သိမ်းသောသစ္စာကတိ၊ ခြိုးခြံစွာကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သောအခွင့် ရှိ၏။
ကတိသစ္စာအားလုံးကိုဖြစ်စေ၊ မိမိစိတ်ဆန္ဒကိုငြင်းပယ်ပြီး ကျိန်ဆိုသောကတိစကားအားလုံးကိုဖြစ်စေ သူ၏ယောက်ျားသည် တည်စေခွင့်၊ ပယ်ဖျက်ခွင့်ရှိ၏။
ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
ထိုလကိုးရက်နေဝင်ချိန်မှဆယ်ရက်နေ့နေဝင် ချိန်အထိအထူးနားရက်အဖြစ်သတ်မှတ်ရ မည်။ ထိုရက်အတွင်းမည်သည့်အစားအစာ ကိုမျှမစားရ။
သင်တို့သည်သတ္တမလတစ်ဆယ့်လေးရက် နေ့တွင် စုဝေးဝတ်ပြုရမည်။ ထိုနေ့၌အစား အစာမစားရ၊ အလုပ်မလုပ်ရ။-
သို့ရာတွင်သူ၏ခင်ပွန်းကြား၍တားမြစ်ပါ မူ သူသည်ကတိသစ္စာအတိုင်းဆောင်ရွက်ရန် မလို။ ခင်ပွန်း၏တားမြစ်မှုကြောင့်ကတိပျက် ခြင်းကို ထာဝရဘုရားခွင့်လွှတ်တော်မူမည်။-
သို့ရာတွင်ခင်ပွန်းသည်ဇနီး၏ကတိသစ္စာ အကြောင်းကိုကြားရသောနေ့၌မတားမြစ် လျှင် ဇနီးသည်မိမိ၏ကတိသစ္စာကိုတည် စေရမည်။ ခင်ပွန်းသည်ကြားရသောနေ့၌ မတားမြစ်သဖြင့်သဘောတူရာရောက် သည်။-
သို့သော်ခရစ်တော်သည်ယောကျာ်းတိုင်း၏အထွတ် အထိပ်၊ ယောကျာ်းသည်မိန်းမ၏အထွတ်အထိပ်၊ ဘုရားသခင်သည်ခရစ်တော်၏အထွတ်အထိပ် ဖြစ်ကြောင်းကိုသင်တို့အားသိစေလို၏။-
အမျိုးသားကိုအမျိုးသမီးအတွက်ဘုရား သခင်ဖန်ဆင်းတော်မမူ။ အမျိုးသမီးကိုသာ လျှင်အမျိုးသားအတွက်ဖန်ဆင်းတော်မူ၏။-
သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။