ယင်းသားချင်းစုသည်တဲတော်၏မြောက်ဘက် မျက်နှာတွင်စခန်းချရမည်။ သူတို့၏ခေါင်း ဆောင်မှာအဘိဟဲလ၏သားဇုရေလ ဖြစ်သည်။-
စံ ရာ တော့် ဘေး မြောက် မျက် နှာ ၌ ချ ရပ် ရ သော မေ ရာ ရိ အ ဆက် အ နွယ် များ ပေါ် တွင် အ ဘိ ဟဲ လ သား ဇု ရေ လ သည် မေ ရာ ရိ အိမ် ထောင် ဗိုလ် လုပ် လေ ၏။
မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။
မေရာရိမျိုးနွယ်စုများ၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်သည် အဘိဟဲလ၏သား ဇုရေလ ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘေး မြောက်ဘက်အရပ်၌ စခန်းချရမည်။
တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ၆၂၇၀၀ အာရှာ သြကရန်၏သားပါဂျေလ ၄၁၅၀၀ နဿလိ ဧနန်၏သားအဟိရ ၅၃၄၀၀ စုစုပေါင်း ၁၅၇၆၀၀ ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။
အသက်တစ်လသားအရွယ်နှင့်အထက် ရှိသူယောကျာ်းဦးရေစုစုပေါင်းမှာ ခြောက်ထောင့်နှစ်ရာဖြစ်သည်။-
သူတို့သည်တဲတော်ဘောင်များ၊ တန်းများ၊ တိုင်များ၊ အောက်ခံခုံများနှင့်ယင်းတို့နှင့် စပ်လျက်ရှိသောတန်ဆာများတို့ကိုထိန်း သိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူ တို့သည်အထက်ပါပစ္စည်းများကိုထိန်းသိမ်း စောင့်ရှောက်ရကြသည်။-