တောလည် 29:40 - Common Language Bible သို့ဖြစ်၍မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှကို ဣသရေလအမျိုး သားတို့အားကြားပြောလေ၏။ Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ ဆင့် ဆို လေ ၏။ Judson Bible ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။ |
ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။
မောရှေသည်သစ္စာပြုခြင်းနှင့်ဆိုင်သောပညတ် များကို ဣသရေလအနွယ်များခေါင်းဆောင် တို့အားအောက်ပါအတိုင်းညွှန်ကြားလေ သည်။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
ငါသည်မိမိခံယူရရှိ၍သင်တို့အားပေး အပ်သည့်အရေးကြီးလှသောအကြောင်း အရာများမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည်ငါတို့အတွက်အသေခံ တော်မူကြောင်း၊-
``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။-
မောရှေသည်အစေခံအနေဖြင့်ဘုရား သခင်၏အိမ်တော်တွင်သစ္စာစောင့်လျက် အနာ ဂတ်ကာလ၌ကိုယ်တော်မိန့်ကြားတော်မူ မည့်အရာများကိုပြောကြားပေသည်။-