ပြည်သူတို့သည်ဗိမာန်တော်ကိုပြန်လည်တည် ဆောက်ရန်အစမပြုရသေးသော်လည်း သတ္တမ လ၊ ပထမနေ့၌မီးရှို့ပူဇော်ရာယဇ်များကို ထာဝရဘုရားအား စတင်ပူဇော်ကြကုန်၏။
တောလည် 29:2 - Common Language Bible ထာဝရဘုရားအားအပြစ်အနာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်နှင့် တစ်နှစ်သားအရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ်ရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။- Garrad Bible စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ်၊ ကြန် အင် စုံ သော နွား ပေါက် တစ် ကောင်၊ သိုး ထီး တစ် ကောင်၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ခု နစ် ကောင် ကို လည်း ကောင်း၊ Judson Bible ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသောနွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။ |
ပြည်သူတို့သည်ဗိမာန်တော်ကိုပြန်လည်တည် ဆောက်ရန်အစမပြုရသေးသော်လည်း သတ္တမ လ၊ ပထမနေ့၌မီးရှို့ပူဇော်ရာယဇ်များကို ထာဝရဘုရားအား စတင်ပူဇော်ကြကုန်၏။
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။-
သင်တို့သည်အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရား နှစ်သက်ဖွယ်ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
သင်တို့သည်သတ္တမလ၊ ပထမနေ့တွင် စုဝေး ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။ ထိုနေ့တွင်တံပိုးခရာများကိုမှုတ်ရမည်။-
မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရော သောမုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော် ရမည်။ နွားထီးနှင့်အတူမုန့်ညက်ခြောက်ပေါင် ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့်ညက် လေးပေါင်ကိုလည်းကောင်း၊-
အပြစ်အနာကင်းသောနွားပျိုတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
အပြစ်အနာကင်းသောနွားထီးတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-