သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-
တောလည် 29:13 - Common Language Bible ပထမနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့်လေး ကောင်တို့ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။- Garrad Bible စိတ် တော် ပြေ ဘွယ် ရ နံ့၊ မီး ပူ ဇော် ရာ၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ကြန် အင် စုံ သော နွား ပေါက် ဆယ့် သုံး ကောင်၊ သိုး ထီး နှစ် ကောင်၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ဆယ့် လေး ကောင် ကို လည်း ကောင်း၊ Judson Bible ပထမနေ့၌ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးဆယ်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ |
သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
လဆန်းတစ်ရက်နေ့တိုင်းထာဝရဘုရား အား အပြစ်အနာကင်းသောနွားထီးပျိုနှစ် ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ ပူဇော်ရမည်။-
ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။-
သင်တို့သည်အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရား နှစ်သက်ဖွယ်ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
သင်တို့သည်သတ္တမလတစ်ဆယ့်ငါးရက်နေ့ တွင် စုဝေးဝတ်ပြုရမည်။ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသောဤပွဲတော်ကိုခုနစ် ရက်တိုင်တိုင်ကျင်းပရမည်။ ထိုရက်များတွင် အလုပ်မလုပ်ရ။-
မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးတစ်ကောင်စီနှင့် အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
ထာဝရဘုရားအားအပြစ်အနာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်နှင့် တစ်နှစ်သားအရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ်ရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။-
အပြစ်အနာကင်းသောနွားထီးတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-