ထိုနောက်သူတို့သည်မောရှေ၏ပညတ်ကျမ်း တွင်ညွှန်ကြားထားသည့်အတိုင်း မီးရှို့ရန် ယဇ်ကောင်များကိုပြည်သူတို့အားအိမ် ထောင်စုအလိုက်ခွဲဝေပေးကြ၏။-
တောလည် 28:31 - Common Language Bible နေ့စဉ်မီးရှို့ရာသကာနှင့်ဘောဇဉ်သကာအပြင် ဤသကာများနှင့်စပျစ်ရည်သကာကိုပူဇော် ရမည်။ Garrad Bible ဆက် မြဲ မီး ရှို့ ရာ သ က္ကာ၊ ဆိုင် ရာ ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ များ ပြင် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ပူ ဇော် ကြ လော့။ Judson Bible ထိုသို့အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာမှတစ်ပါး၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာအပြင် အပြစ်အနာအဆာကင်းသောယဇ်ကောင်များနှင့် ထိုယဇ်ကောင်များအတွက် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ပူဇော်ရမည်။ |
ထိုနောက်သူတို့သည်မောရှေ၏ပညတ်ကျမ်း တွင်ညွှန်ကြားထားသည့်အတိုင်း မီးရှို့ရန် ယဇ်ကောင်များကိုပြည်သူတို့အားအိမ် ထောင်စုအလိုက်ခွဲဝေပေးကြ၏။-
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။-
ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤနည်းအား ဖြင့်လူတို့အတွက်သန့်စင်မှုဝတ်ကိုပြုရမည်။-