သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
တောလည် 28:30 - Common Language Bible ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤနည်းအား ဖြင့်လူတို့အတွက်သန့်စင်မှုဝတ်ကိုပြုရမည်။- Garrad Bible သင် တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရန် ဆိတ် ထီး တစ် ကောင် ကို လည်း ကောင်း၊ Judson Bible အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း ပူဇော်ရမည်။ |
သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။-
ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယ ယဇ်အဖြစ် တစ်နှစ်သားသိုးကလေးနှစ်ကောင် ကိုလည်းကောင်းပူဇော်ရမည်။-
မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။-
နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။-
နေ့စဉ်မီးရှို့ရာသကာနှင့်ဘောဇဉ်သကာအပြင် ဤသကာများနှင့်စပျစ်ရည်သကာကိုပူဇော် ရမည်။
ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။
``သစ်တိုင်ပေါ်မှာဆွဲ၍အသတ်ခံရသူသည် ဘုရားသခင်၏ကျိန်စာသင့်သူဖြစ်၏'' ဟု ကျမ်းစာလာသည်နှင့်အညီ ခရစ်တော်သည် ငါတို့အတွက်ကျိန်စာသင့်သူအဖြစ်ကိုခံ ယူတော်မူပြီးနောက် ငါတို့အားပညတ်တရား ကြောင့်ကျိန်စာသင့်သည့်ဘေးမှရွေးနုတ် ကယ်တင်တော်မူ၏။-
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-