ပထမသိုးနှင့်အတူဂျုံမုန့်ညက်နှစ်ပေါင်နှင့် သံလွင်ဆီတစ်ကွတ်ရောသောပူဇော်သကာ ကိုလည်းပူဇော်ရမည်။ စပျစ်ရည်တစ်ကွတ် ကိုလည်းပူဇော်သကာအဖြစ်လောင်းချ ရမည်။-
တောလည် 28:13 - Common Language Bible သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းဆက်သရမည်။ ဤ မီးရှို့ရာသကာများသည်ပူဇော်သကာများ ဖြစ်၍ ယင်း၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။- Judson Bible သိုးသငယ်တစ်ကောင်အဖို့၊ ဆီရောသောမုန့်ညက် တစ်ဩမဲစီတည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ ထာဝရဘုရားအားမီးဖြင့်ပူဇော်၍ မီးရှို့ရာယဇ်ကို ပြုရမည်။ မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်တစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် မီးဖြင့်ပူဇော်သော မီးရှို့ရာယဇ်ဖြစ်၏။ |
ပထမသိုးနှင့်အတူဂျုံမုန့်ညက်နှစ်ပေါင်နှင့် သံလွင်ဆီတစ်ကွတ်ရောသောပူဇော်သကာ ကိုလည်းပူဇော်ရမည်။ စပျစ်ရည်တစ်ကွတ် ကိုလည်းပူဇော်သကာအဖြစ်လောင်းချ ရမည်။-
သိုးထီးကိုပူဇော်သည့်အခါဘောဇဉ် သကာအဖြစ် သံလွင်ဆီသုံးပိုင့်နှင့်ရော ထားသောမုန့်ညက်လေးပေါင်အပြင်၊-
ဘောဇဉ်သကာအဖြစ်သံလွင်ဆီရောထားသော မုန့်ညက်ကိုဆက်သရမည်။ နွားတစ်ကောင်စီနှင့် အတူမုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုး ထီးနှင့်အတူမုန့်ညက်လေးပေါင်ကိုလည်း ကောင်း၊-
ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-